မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြို့တော် ကြီးကိုကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် ပြည်သူများက ဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄ လမ်း၊ ၆၃ လမ်း နှင့် ၆၄ လမ်းကြား၊ မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီးနှစ်ကောင်ရှေ့တွင် သံဃာတော် များနှင့် မျိုးချစ်ဒေသခံပြည်သူများစုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်များမှ သံဃာတော် များနှင့် မျိုးချစ်ဒေသခံပြည်သူများက မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီးနှစ်ကောင်ရှေ့ တွင် စုရပ်ပြုလုပ်၍ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းသို့ စနစ်တကျ စီတန်း လှည့်လည်ချီတက်၍ ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်တွင် ယဉ်ကျေးမှုအမွေ အနှစ်များတည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောက်ရှောက်စို့၊ မန္တလေးမြို့ကြီး မပျက်စီးဖို့ မန်းပြည်သူတွေစည်းလုံးစို့၊ ရာဇဝင်ကောင်းတဲ့ ဒို့မန္တလေး ဒို့မျိုးဆက်အတွက် ဆက် ထိန်းပေး၊ အကြမ်းဖက်မှုများ တိုက်ခိုက်ဖို့ မန်းပြည်သူတွေညီကြစို့၊ တိုင်းရင်းသား ညီအကိုမောင်နှမများ စည်းလုံးညီညွှတ်ရေး ဒို့အရေး၊ မန္တလေးမြို့ကြီး တည်ငြိမ် အေးချမ်းရေး ဒို့အရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောက်ရှောက်ရေး ဒို့အရေး၊ အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော် ၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။