မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓားပြတိုက်နေကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၉

Thursday, August 29, 2024 - 16:30

          မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်းတွင် ဖြတ်သန်းသွားလာ နေသည့် မော်တော်ယာဉ်များအား ဩဂုတ်လ ၂၇ ရက်တွင် ဓားပြတိုက်လျက်ရှိပြီး ဓားပြတိုက်သူ များမှာ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ပျူစောထီးများဖြစ်ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုလို ဥပဒေမဲ့လုပ်ရပ်မျိုး  လုပ်ဆောင်ခြင်းမရှိကြောင်း၊ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များအား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများက လုပ်ဆောင်လေ့ရှိကြောင်း၊ ပြည်သူလူထုအား အမြဲတစေထိခိုက်အောင် ကြံစည် ဆောင်ရွက်နေကြသူများသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ လက်ဝေခံပြည်ဖျက် မီဒီယာများသာဖြစ်သည်ကိုလည်း အများပြည်သူများအားလုံးအသိပင်ဖြစ်ကြောင်း ဒေသခံပြည်သူ တစ်ဦးထံမှ သိရှိရသည်။ ယခုသတင်းသည် PDF အမည်ခံအကြမ်းဖက် သမားများက ဒေသခံ တိုင်းရင်းသားပြည်သူများအား လက်နက်အားကိုးဖြင့် ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင် လျက်ရှိပြီး မပေးသူများအား  အဓမ္မဖမ်းဆီးနှိပ်စက် သတ်ဖြတ်လျက်ရှိသည်ကို ဖုံးကွယ်ရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီး ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရ သည်။