news

ရန်ကုန်တိုင်း ဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မီဒီယာများ မေးမြန်းထားတာကို ပြန်လည်ပြောကြား သွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ၊ နွယ်အေး ရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်မှာဖြစ်ပါတယ်။ အဲ့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ် ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ဇူလိုင်လ ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာ ဖြစ်ပွားသူ ၁၂ ဦးရှိကြောင်းတွေ့ရှိရပါတယ်။ အဲ့ထဲကဆေးရုံတက်ရောက် ကုသသူ ၉ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက် ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီးမှာ တက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏပြတဲ့ လူနာတွေကို ကာလ ဝမ်းရောဂါပိုး ရှိ / မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယ ဆေးရုံမှာ တစ်ဦး ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏ ပြတဲ့သူတွေ ကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်           ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ယနေ့နံက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် တူရင်းဘို့ကျေးရွာမှ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ များက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိပါသည်။

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် တူရင်းဘို့ကျေးရွာမှ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ များက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိပါသည်။

          ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို TNLA အကြမ်းဖက်သမားများမှ ဇူလိုင်လ ၄ ရက်နေ့က လာရောက်တိုက်ခိုက်စဉ် တပ်မတော်မှ အဆိပ်ငွေ့ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် TNLA အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှုခံယူရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင် စိုက်ပျိုးပေး နေပြည်တော်၊ ဇူလိုင် - ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရိဝုဏ်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

          ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

            ကချင်ပြည်နယ်၊တနိုင်းမြို့အတွင်းရှိ ရေဘေးသင့်ပြည်သူများအား စားရေ ရိက္ခာ(ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ ခြောက်)များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင်  တနိုင်းမြို့၊ ဆင်ဆာ့ကောင်းရပ်ကွက်၊ ယာယီရေဘေးကယ် ဆယ်ရေး စခန်း၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဘေး သင့်ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် သည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။