news

          ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့သည့် ဆင်ဖြူတော်(အထီး)ကလေး “ရနန္ဒက” သည်  နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ်၊ လူရည်ချွန်စုရပ်စခန်း အသီးသီးသို့သွားရောက်မည့် ရန်ကုန်တိုင်း ဒေသကြီးမှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

        ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ် ရက်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင် သောအနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ)ကရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့်ရေကြောင်း လူငယ်တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်း တွင် သက်ဆိုင်ရာမြို့နယ်အသီးသီး၌ တစ်ချိန်တည်း စတင်ဖွင့်လှစ်ကြသည်။

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို တပ်မတော်က ဓာတုအဆိပ်ဗုံးများဖြင့် ဧပြီလ  ၂၀ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် သမားများနှင့် ဒေသခံပြည်သူများ မူးဝေ၊ အော့အန်ခြင်းဝေဒနာများ ခံစားနေရကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် ဧပြီလ ၂၁ ရက်နေ့က ဆိုင်ကယ်စီးနင်းနေသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ကားများဖြင့်ခေါ်ဆောင် သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

                 AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်နေ့တွင် ကွန်တိုင် ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကြောက်ရွံ့၍ ရှောင်တိမ်း လာသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာစခန်း ၃ ခုတွင် ခေတ္တ ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၌ ပြုလုပ်ရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ် စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။