ဒုဋ္ဌဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈.၅၄ ပေ (၈၇၀ စင်တီမီတာ) အထက်သို့ ၃ ပေကျော် (၉၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ၂ ပေခွဲခန့် မြင့်တက်လာ နိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။







