၂၀၂၄ ခုနှစ် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသား ရိုးရာစုပေါင်းခါးထောင်းဖားပွဲတော် ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၁၇ ရက်

Tuesday, December 17, 2024 - 14:30

                ၂၀၂၄ ခုနှစ် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသား ရိုးရာစုပေါင်းခါးထောင်း ဖားပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဇန်းမွန်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အာခါတိုင်းရင်းသားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

                ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားများ နာယက က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်း ခါးထောင်းဖားပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသောအသင်း များအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အာခါတိုင်းရင်းသား များက ရိုးရာ အက၊ အလှ၊ တေးသံများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။