ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၅၄ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)
စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဗိုလ်ချုပ်ကြီး မြထွန်းဦး ဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
(ခ) ဒေါက်တာ ချာလီသန်း ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန
(ဂ) ဦးခင်မောင်ရီ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ဃ) ဦးဉာဏ်ထွန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(င) ဦးကိုကိုလွင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
(စ) ဒေါက်တာ မျိုးသိန်းကျော် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
(ဆ) ဦးမျိုးသန့် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
(ဇ) ဗိုလ်ချုပ် တိုးရီ အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(ဈ) ဒေါ်သန်းသန်းလင်း အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန
(ည) ဒေါက်တာ ဝါဝါမောင် အဖွဲ့ဝင်
ဒုတိယဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
(ဋ) ဦးမြင့်စိုး အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
(ဌ) ဦးဝင်းရှိန် အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊အလုပ်သမားဝန်ကြီးဌာန
(ဍ) ဦးမင်းမင်း အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ဎ) ဗိုလ်ချုပ် ဇော်နိုင်ဦး အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဝန်ကြီးဌာန
(ဏ) ဦးအေးဝင်း အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(တ) ဦးရင်မောင်ညွန့် အတွင်းရေးမှူး
ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန
၂။ စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး