ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၅၆ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဗိုလ်ချုပ်ကြီးညိုစော ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
(ခ) ဦးမင်းနောင် ဒုတိယဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(ဂ) ဒေါက်တာ ကံဇော် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
(ဃ) ဦးလှမိုး အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
(င) ဦးခင်မောင်ရီ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(စ) ဒေါက်တာ ချာလီသန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန
(ဆ) ဦးထွန်းအုံ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ဇ) ဗိုလ်ချုပ် တိုးရီ အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(ဈ) ဦးမင်းထွဋ် အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(ည) ဦးအေးကျော် အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(ဋ) ဦးသန့်စင် အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
(ဌ) ဦးဝင်းဖေ အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
(ဍ) ဗိုလ်မှူးချုပ် တင်စိုး အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(ဏ) ဒေါက်တာ အောင်ကြီး အတွင်းရေးမှူး
ဒုတိယဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(တ) ဒေါက်တာ တင်ထွဋ် တွဲဖက်အတွင်းရေးမှူး
ဒုတိယဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
၂။ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြား ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး