ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင် အယောင်မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယ မင်္ဂလာဓမ္မသဘင်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဆောင် အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံသည်။
news
၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံအား တိုးမြှင့်စောင့် ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း(Jurisdictions under increased monitoring)မှ စိစစ်ဆောင်ရွက်မှုပြုရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများ စာရင်း (High-Risk Jurisdictions subject to a call for Action)သို့ ပြောင်းရွှေ့ထည့်သွင်း ခြင်းခံရမှုအခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ လ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်တိုးတက်မှုများရှိလ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇွန်လ ၇ ရက်နေ့က ကံမကျေးရွာအနီး မြို့ပတ်လမ်းသို့ တပ်မတော်မှ ကားဖြင့်ရောက်ရှိလာပြီး ကားပေါ်က အပြစ်မဲ့ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ ခေတ်သစ်က လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ဖွင့်လှစ်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ကျေးရွာမှ ဘုန်းကြီး ၂ ပါးအား ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ သည်ကို တွေ့ရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော် ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ကျေးရွာနေပြည်သူ ၁၀၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ရပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က လူမှုကွန်ရက်များတွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။









































































