ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၅၅ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး
နိုင်ငံတော်ဝန်ကြီးချုပ်ရုံး
(ခ) ဦးဉာဏ်ထွန်း ဒုတိယဥက္ကဋ္ဌ(၁)
ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(ဂ) ဦးကိုကိုလွင် ဒုတိယဥက္ကဋ္ဌ(၂)
ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
(ဃ) ဒေါက်တာကံဇော် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
(င) ဦးမင်းနောင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
(စ) ဦးလှမိုး အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
(ဆ) ဦးခင်မောင်ရီ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(ဇ) ဒေါက်တာ ချာလီသန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန
(ဈ) ဦးထွန်းအုံ အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ည) ဒေါက်တာ မျိုးသိန်းကျော် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
(ဋ) ဗိုလ်ချုပ် ကိုလေး အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(ဌ) ဗိုလ်ချုပ် တိုးရီ အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(ဍ) ဦးမင်းထွဋ် အဖွဲ့ဝင်
ဒုတိယဝန်ကြီး၊ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန
(ဎ) ဗိုလ်ချုပ် ဇော်နိုင်ဦး အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဝန်ကြီးဌာန
(ဏ) ဦးလှဝင်းဌေး အဖွဲ့ဝင်
အတွင်းရေးမှူး၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ
(တ) ဦးအေးကျော် အတွင်းရေးမှူး
ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(ထ) ဦးသန့်စင် တွဲဖက်အတွင်းရေးမှူး
ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန
၂။ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန် ပေးသွားမည်ဖြစ်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး