ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ခရီးသွားပြည်သူ တစ်ဦးသေဆုံး၊ သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန်-၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်း နှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ယနေ့နံနက်ပိုင်းတွင် ချောင်းဦး မြို့ နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီး သွား ပြည်သူအချို့သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိ ရသည်။


































































