နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၂၅

Wednesday, December 25, 2024 - 14:45

          မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ (၂၃)ရက်နှင့် (၂၄)ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာ များက  မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်းတွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပက်သတ်၍သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများအတွင်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက် ရှိပြီး လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍  မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။