news

 

        တပ်မတော်(လေ)က ၂၀၂၄ ခုနှစ်၊ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်း စခန်း ၁၇ ခုတွင် စုစုပေါင်းသင်တန်းသား ၈၅၀ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိသည်။

                 တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ(၁) ရေကြောင်းလူငယ်စခန်းတွင် လှေလှော် ရွက်တိုက်ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ်စခန်းတွင် ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်ကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် စစ်ရေးပြဘာသာရပ်ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံ ရေတပ်သားဘာသာရပ်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သား ဘာသာရပ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် ရေကြောင်းလမ်းညွှန် ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက် ရှိသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ လုံခြုံရေးတပ်စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက မေလ ၂ ရက်နေ့တွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

          ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃)၊ ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်ခဲ့သည်။

          ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာရှိနေအိမ်များ မီးရှို့ခံရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

                 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ မြို့ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုပေါ်ရပ်ကွက်နှစ်ခုရှိ အမျိုးသား ၉ ဦးကို စစ်မှုထမ်းဆောင်ရန် ဧပြီလ ၂၉ ရက်နေ့ညတွင် တပ်မတော်က နေအိမ်အထိ လိုက်လံ ဖမ်းဆီးသွားသည်ဟု သတင်းအမှားများကို ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။