နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူများ နယ်စပ်နှင့်ပြည်ပများ သို့ ထွက်ခွာသူများပြားနေကြောင်း ကောလာဟလသတင်းအမှားများကို ပြည်ဖျက် NUG အဖွဲ့မှ ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
news
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အချို့တွင် စစ်မှုထမ်းစာရင်းများ ကောက်ခံရာတွင် အမျိုးသမီးများကိုပါ ကောက်ခံ လျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ စိုးရိမ်စိတ်များဖြစ်ပေါ်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာ ရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၄ ခုနှစ်)
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၂၀ /၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၉ / ၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲ များဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ အတွင်း သို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနည်းပညာတက္ကသိုလ်အနီးရှိ ထိုမာကျေးရွာ နှင့် ဇင်းကလင်းကျေးရွာကြားရှိ နေအိမ်အချို့ကို မတ်လ ၁၇ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ဖိတ်ကြားမှုအရ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း၏စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပသော ရှရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှား နိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာပူးပေါင်းလေ့လာရေးများဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ ကြသည်။











