မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ချောင်းတော်ဝကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင် များက မေလ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ မီးရှို့မှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
news
ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လုပ် ကိုင်စားသောက်လျက်ရှိသည်ကို AA အကြမ်းဖက်သောင်းကျန်းသူများက မနာလိုမရှု စိတ်ဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော မြို့၊ ရွာများနှင့် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်၊ ယနေ့တွင်ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းမီးသတ်ဦးစီးဌာနမှူးရုံးတို့၌ ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါအုပ်စု၊ ပန်လျန်းကျေးရွာရှိ ပန်လျန်းဘုန်းတော်ကြီးကျောင်း ဆရာတော်အား ယနေ့နံနက် ၈ နာရီခွဲအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့်တာဝန်ရှိသူများ သွားရောက်ဖူးမြော်ခဲ့ ကြသည်။
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC – II ) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် မေလ ၂ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ် စွန့်ခွာသူများနေထိုင်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း သို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ် အရွယ်ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံ၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံနှင့် ပုံပါကျင်မြို့ တိုက်နယ်ဆေးရုံတို့၌ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် ဆေးရုံဝန်း အတွင်း/အပြင်၌ သန့်ရှင်းရေး လုပ်င
၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။















































