မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးအရှေ့ကျေးရွာကို ဒီဇင်ဘာ ၃၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့ကာ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဝက်လူး အရှေ့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများက ဝက်လူးအရှေ့ကျေးရွာ အနီးဝန်းကျင်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရ သည်။
PDF အမည်ခံအကြမ်းဖက်သမားများက နွားထိုးကြီးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုမရှိ စေရန်အတွက် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာ ပြည်သူ များကို နှောင့်ယှက်ပစ်ခတ်ခြင်းနှင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများတွင် မိုင်းထောင် ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကိုဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။