မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ လျက်ရှိကြောင်းတွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများတရားမဝင် ဝင်ရောက်ခိုအောင်း နေထိုင်မှုမရှိ စေရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်မှုရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အဆိုပါ မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု မရှိစေရန်အတွက် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိခိုက်ဒဏ်ရာ ရရှိအောင် ဒရုန်းများ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ နေထိုင်ရာ နယ်မြေများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် ရွံရှာစက်ဆုပ်ဖွယ် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းများကြောင့် နယ်မြေခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံး ရခြင်းဖြစ်ကြောင်း၊ တရားမဝင်အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ဥပဒေမဲ့ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ယခုကဲ့သို့ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။