မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို ဒီဇင်ဘာလ(၂၅)ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါမြို့နယ်နှင့် ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများ အနေဖြင့် အဆိုပါမြို့နယ်နှင့်ကျေးရွာများတွင် ပြည်သူများကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်း မှုမရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများသွားလာနေထိုင်သည့် မြို့၊ ရွာ များအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီး ခြင်းများ မကြာခဏလုပ်ဆောင်နေသည်ကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်သည်ဟု ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။