ဆိပ်ဖြူမြို့နယ်၊ မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းတု၊ သတင်းအမှား များ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်

Tuesday, December 31, 2024 - 16:00

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆိပ်ဖြူမြို့နယ်အတွင်း အကြမ်းဖက် သောင်းကျန်းသူများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင် နိုင်စေရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာများအား မီးရှို့ ဖျက်ဆီးမှုမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ကျေးရွာများအတွင်း တရားမဝင် ခိုအောင်းနေထိုင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်/ ကျေးရွာများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ အထက်ပါ သတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် များအား ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန်သတင်းများအား လူမှုကွန်ယက်ပေါ်တွင် ရေးသားဖြန်ဝေ နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။