news

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online  လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြသူ များကို  ‌စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့သည်။

          နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက် သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး  အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊  အထူးသဖြင့် မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံ အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက် မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ လုပ်ငန်း များတွင်  ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တ ကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိသည်။

          နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဥပဒေ များ နှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။

နှစ်(၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက် ကျင်းပသည်။

          မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျောက်ဆောက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၁၀ ဦး ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှု လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင်  ဆက် စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်း ပေးလျက်ရှိသည်။

          စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့တို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်  ပြည်သူများထိခိုက်သေဆုံး ပြီး သာသနိကအဆောက်အအုံများပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

          နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။