မန္တလေးမြို့၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ပြုလုပ် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၁၂ ရက်

Wednesday, November 12, 2025 - 15:15

မန္တလေးမြို့၊ နန်းမြို့တွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်း ဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိကြသူများ၊ ပညာရည်ချွန်ဆုရရှိကြသူများနှင့် မြို့နယ်အဆင့်အားကစား ပြိုင်ပွဲများနှင့် ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းမှူး တက်ရောက်လာကြသူများက ကျောင်းသား/ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။