၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရုပ်ရှင်အနုပညာ ရှင်များကလည်း အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေး တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင် မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲကြီးတွင် ပါဝင် မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ဖော်ဆောင်ကြရန်အတွက် ပြည်သူ ချစ်သော ရုပ်ရှင်အနုပညာရှင်များကလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်မှ စတင်ပြီး ရန်ကုန်မြို့ အနုပညာရပ်ဝန်း၌ ရုပ်ရှင်ဒါရိုက်တာများနှင့် အနုပညာရှင်များပူးပေါင်း၍ အသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုတွင် ရုပ်ရှင်အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနှင့် ရွှေသမီး တို့က ရွေးကောက်ပွဲဆိုင်ရာ ပြည်သူအသိပညာပေး နှိုးဆော်မှုများ ရိုက်ကူးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။