news

ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကိုယနေ့နံနက်ပိုင်း တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဆွေးနွေးသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra နှင့်တွေဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ - ၄

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်ဆဋ္ဌမအကြိမ်မြောက် ဘင်းမ် စတက်ထိပ်သီး အစည်းအဝေးအစည်းအဝေးသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် အကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာများ ဆက်လက်ပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၃

          ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်   အင်အားပြင်းမြေငလျင်  လှုပ်ရှားမှုကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများသို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ် ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများပူးပေါင်း၍ အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက် နှင့် တာဝ

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့ညနေပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီဆေးဝါးများ တင်ဆောင်လာသော Moalem Aviation လေကြောင်းလိုင်းမှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်းတင်) လေယာဉ်သည် အိန္ဒိယနိုင်ငံ ကိုးက္ကတားလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြ သည်။

          ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူ ဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင် အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ​မြန်မာနိုင်ငံအတွင်းရှိငလျင်ဒဏ်သင့် ပြည်သူ များအတွက် UNICEF Myanmarမှ ဖြန့်ဝေမည့် ကယ်ဆယ်​​​ရေးသုံးပစ္စည်းများ ပါဝင်သော Rom Cargo Airline မှ လေယာဉ်သည် ရန်ကုန်အ​​ပြည်​ပြည်ဆိုင်ရာ​​ လေဆိပ်သို့​​ရောက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကိုလမ်းဖွင့်ပေးထားပြီးဖြစ်ရာ ပါကစ္စ တန်နိုင်ငံမှ  My freighter LLC လေကြောင်းလိုင်းမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ တင်ဆောင်လာသော လေယာဉ်သည် ဧပြီ ၂ ရက် ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံအစိုးရနှင့်​ပြည်သူ များကငလျင်ဒဏ်သင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာအကူအညီပစ္စည်းများနှင့် ဆေးဝါးများတင်ဆောင်လာသော Air China လေကြောင်း လိုင်းမှလေယာဉ်သည် ​ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ သည်။