ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို နေပြည်တော်၊  နိုဝင်ဘာ - ၁၅

Saturday, November 15, 2025 - 14:45

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော် ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြ သည်။ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ မော်လမြိုင်မြို့ ညနေနေဝင်ချိန်ရှုခင်းအားကြည့်ရှုသည်။

ထို့နောက် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့က လက်ခံရယူ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

အလားတူ ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင် ကမ်းနား လမ်းသို့ရောက်ရှိပြီး ကမ်းနားလမ်းရှိ ညဈေးတန်း၌ ဒေသရိုးရာအစားအသောက်များ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းချနေ သူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။ ထို့နောက်ကမ်းနားလမ်းမြစ်ကမ်းဘက်ခြမ်း၌ အားကစားပြုလုပ်ရန်နှင့် အပန်း ဖြေရန်နေရာများပြုလုပ်သွားရန်နှင့် လမ်းအဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ကမ်းနားလမ်းတစ်လျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွား ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။