news

            စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက် ရှိပါသည်။

 MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ သည်။

              တပ်မတော်တွင် သတ္တမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ  တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

            စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက် ရှိပါသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း သဘောထားများ  ထုတ်ပြန်

နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ - ၃ ရက်

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် - ၃
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ် အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) နှင့် အမျိုးသားပြတိုက်(နေပြည်တော်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို လူငယ် ၃၀ စီ စစ်သင်တန်းတက်ရောက်ရန် တပ်မတော်က အဓမ္မတောင်းခံနေသည့်အတွက် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားနေကြောင်း မီဒီယာ အမည်ခံ AA အကြမ်းဖက်အဖွဲ့၏ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို လူငယ် ၃၀ စီ စစ်သင်တန်းတက်ရောက်ရန် တပ်မတော်က အဓမ္မတောင်းခံနေသည့်အတွက် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားနေကြောင်း မီဒီယာ အမည်ခံ AA အကြမ်းဖက်အဖွဲ့၏ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရေဘေးသင့် ရပ်ကွက်အချို့ရှိ ဒေသခံများထံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ဇူလိုင်လ ၃၁ ရက်နေ့က စစ်မှုထမ်းထောက်ပံ့ရန် အကြောင်းပြကာ ငွေကြေးကောက်ခံခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားလျက် ရှိသည်ကို တွေ့ရှိရသည်။