ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ် ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လားရှိုးတက္ကသိုလ် မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လားရှိုးတက္ကသိုလ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြ သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လှည်ကြည့်ရှုပြီး ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားသည်။ ယင်းနောက် စာသင်ဆောင်များ ပြုပြင်နေမှုများကို လှည့်လှည်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် လားရှိုးပညာရေးဒီဂရီကောလိပ် သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လှည်ကြည့်ရှုအားပေးပြီး စာသင်ဆောင်များအား လှည့်လှည်ကြည့်ရှု့စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
