တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ်(သံလွင်)မှ  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာနှင့်  အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၃ ရက်

Sunday, November 23, 2025 - 16:15

တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ်(သံလွင်)မှ  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာနှင့်  အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၃ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာ၊ ကျောင်းသစ်ကျောင်း ဘုန်းကြီးကျောင်း၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၅ ဦး၊ ခွဲစိတ်ရောဂါ ၄၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၇ ဦး၊ ကလေးရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၆၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၉ ဦး၊ မျက်စိရောဂါ ၁၀၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်   အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများက ငပုတောမြို့ နယ်၊ ကန့်မလာကျေးရွာနေ ဦးကျော်ဇင်ဝင်း၏ ဇနီး ဒေါ်ဥမ္မာမြင့်၏  ကိုယ်ဝန်ကို မွန်းလွဲ ၄ နာရီ ၈ မိနစ်တွင် ၇ ပေါင် ၈ အောင်စရှိ သမီးဦးရတနာကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

၎င်းကလေးငယ်အတွက် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း စတုတ္ထအကြိမ်မွေးဖွား ပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ (၁၈) ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတိုအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု (၁၉) ကြိမ်မြောက်တွင် ၂၃ ဦးမြောက်၊ ၂၄ ဦးမြောက်၊ ၂၅ ဦးမြောက်နှင့် ၂၆ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။

          ထို့အပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

          ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါတယ် -