ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လစ်အုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) တို့လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။
news
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှထွက်ခွာသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်မှထွက်ခွာသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေး ရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် မူးယစ်ဂိုဏ်များအနေဖြင့် မူးယစ် ဆေးဝါးများသယ်ဆောင်ရာတွင် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများကိုအသုံးပြု၍ နည်းလမ်း မျိုးစုံဖြင့် သိုဝှက်သယ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ် နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြ သူများကိုစစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၅၃ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အနောက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီး၊ ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာရှိ ကယ်ဆယ်ရေးစခန်း၌ မတ်လ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၃ စီး၊ တပ်မတော်ရေသယ်ယာဉ် ၁ စီး တို့နှင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြကြောင်း သိရှိရသည်။
မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြု လိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ် သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ပြီး တိုက်ဖျက် လျက်ရှိသည်။



























