တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၀

Thursday, November 20, 2025 - 16:00

တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မှဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ  ဒေသခံပြည်သူ ၅၃၀ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၂ ဦး၊ ခွဲစိတ်ရောဂါ ၅၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၆ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၇၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၉ ဦး၊ မျက်စိရောဂါ ၇၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်   အထွေထွေခွဲစိတ်လူနာ ၁၀ ဦး၊ မျက်စိခွဲစိတ်လူနာ ၇ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုအပြင် တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲမှ ပါရဂူများက ဟိုင်းကြီးကျွန်း မြိုနယ်၊ စံပြကျေးရွာနေ ဦးအောင်ဖြိုး ၏ဇနီး ဒေါ်ဖြူဖြူသင်း၏ ပထမဆုံးကိုယ်ဝန်ကို နံနက် ၇ နာရီ ၅၁ မိနစ်တွင် ၅ ပေါင် ၄ အောင်စရှိ သမီးဦးရတနာ မသင်းသံလွင် အား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိသည်။

၎င်းကလေးငယ်အား တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးအကြိမ်မွေးမွား ပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ (၁၈)ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင်(၂၂)ဦးတိုအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု (၁၉) ကြိမ်မြောက်တွင် (၂၃)ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ၂၀၁၆ ခုနှစ် မတ်လ(၂) ရက်နေ့တွင် ပထမဦးဆုံးအောင်မြင်စွာ မွေးဖွားပေးခဲ့သည့် အသက်(၁၀)နှစ်အရွယ်ရှိ သမီးငယ် မေသံလွင် အား တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံပြီး ချီးမြှင့်ငွ်နှင့် အာဟာရပြည်စားသောက်ဖွယ်ရာများကို ပေးအပ်ပြီး ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် ဒေသခံပြည်သူများ၏ ဆေးဝါးကုသမှုခံယူနေမှုများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ တပ်ဆင်ပေးခြင်း၊ အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် ဆေးကုသမှု ခံယူကြသည့် ဒေသခံပြည်သူများ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်များဖြင့် အကြို/အပို့ ဆောင်ရွက်ပေးသည့်အပြင် နံနက်စာ  ကျွေးမွေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါတယ် -

ဆေးကု အင်တာဗျူး(၂၀-၁၁-၂၀၂၅)

၁။      အခုက ၃ မျိုးပြတယ်ပေါ့နော် အထွေထွေခည်းပြတယ်။ သွားလည်းပြတယ် ။ မျက်စိလည်းပြတယ်။ မျက်စိလည်းမခွဲရဘူး။ ဆေးတွေတော့ပေးလိုက်တယ် အဲဒါပဲသောက် ဆိုပြီးတော့လေ ။ အဆင်အားလုံးပြေတယ်လေ အခုပြန်ပြီးတော့ ပို့တော့လည်း ကားကြီးနဲ့ ပြန်လိုက်လာတယ်။ အခုလိုပို့ပေးတာ အားလုံးအဆင်ပြေတယ်။ ဆေးရုံမှာ ၇ နှစ်လောက် ကြာပါတယ်။ မျက်စိတစ်လုံးခွဲထားတာရှိတယ်။ ၇ နှစ်လောက်ကြာသွားပြီပေါ့။ အဲဒါမျက်စိ ထဲမှာ ကပ်တတ်တတ်ဖြစ်လို့လာပြတာ ခွဲဖို့မလိုဘူးလေ ဆေးပဲပေးလိုက်တယ်။ အကုန်လုံး ကုသပေးတဲ့နေရာမှာလည်း နွေးထွေးမှုရှိတယ်။ အရမ်းကောင်းတယ်။ ထမင်းလည်း မနက် စာတို့ဘာတို့ ကျွေးတယ်၊ အဲတာမျိုးတွေလည်းရှိတယ်။ သင်္ဘောသားတွေအားလုံး အရာရှိ ၊ အရာခံတွေအားလုံး ဒီမှာလာပြီးတော့ဝိုင်းဝန်းပြီးလုပ်ပေးတဲ့သူအားလုံး ကျန်းမာချမ်းသာကြ ပါစေ၊ ဘေးခပ်သိမ်း၊ရန်ခပ်သိမ်းကင်းဝေး ကပ်ကြီးသုံးပါးလည်းကျော်လွှားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပေးပါတယ်။

၂။       ကျွန်တော့်ရဲ့အမျိုးသမီးကို ဒီသံလွင်သင်္ဘောကြီးရောက်တဲ့အချိန်နဲ့ တိုက်တိုက်ဆိုင် ဆိုင်မွေးဖွားခဲ့ရလို့ ကျွန်တော်အများကြီး ဝမ်းမြောက်ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ သမီးဦး လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်အများကြီး ပီတိဖြစ်မိပါတယ်။ ကျွန်တော့်ရဲ့ အမျိုးသမီးဟာကျန်းကျန်းမာမာနဲ့ ကျွန်တော့်ရဲ့ သမီးလေးလည်း ကျန်းကျန်းမာမာနဲ့ မွေးဖွားပေးခဲ့တဲ့ ဆရာတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ခြားနေရာတွေမှာ မြို့တက်ပြီးမွေးဖွားရမယ်ဆိုရင် ကျွန်တော်တို့ငွေရေးကြေးရေးအခက်အခဲလေးတွေရှိပါတယ် ခင်ဗျ။ သံလွင်သင်္ဘောကြီးနဲ့ ဒီဟိုင်းကြီးကျွန်းတပ်ဆေးရုံကဆရာတွေ၊ ဆရာမတွေအားလုံး ရဲ့ ပံ့ပိုးမှုတွေနဲ့ကျွန်တော်တို့အဆင်ပြေခဲ့ပါတယ်။ စားရေးသောက်ရေးတွေလည်း ဒီက ကျွေး မွေးဧည့်ခံပြီးတော့ ကျွန်တော်တို့နေစရိတ်တွေကအစ နေတာစားတာက အစ အားလုံး ထောက်ပံ့ပေးခဲ့ပါတယ်။

၃။      ယောက်မကခွဲရပါတယ်။ ကျွန်မကိုကျတော့ မြို့မှာသွားပြီးတော့ စမ်းသပ်ပြီးတော့ မျက်မှန်တတ်လို့ပြောပါတယ်။ အုပ်ချုပ်ရေးမှူးက ကြေညာထားတဲ့အခါကျတော့ သမီး အဆင်ပြေတယ်တဲ့ သွားကုလို့ရတယ်ဆိုတဲ့အခါကျတော့ ကျွန်မလည်း ဒီကိုလာခဲ့တာပါ။ ကောင်းပါတယ် တအားကောင်းတာ ၊ တအားကောင်းတာ ။ စားတာသောက်တာ ကျွေးတာ မွေးတာ အကုန်ကောင်းတယ်။ ဆက်ဆံမှုတွေပါ အကုန်ကောင်းတာ ။ ကျေးဇူးတင်တာ တအားတင်တာ ကျွန်မပြောလိုတယ်။ ဗိုလ်ကြီးတို့လည်း ဆုတောင်းပေးတယ်။ ကျေးဇူးတင် တဲ့အကြောင်းလည်းပြောခဲ့ပါတယ်။ ဆရာဝန်ကြီးတွေလည်း ကောင်းပါတယ်၊ ကုသပေးသူ လည်းကောင်းပါတယ်။ အားလုံးလည်း ကောင်းပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်းဒီလိုပဲလာနိုင် ပါစေလို့ အမြဲတမ်းလည်းဖိတ်ခေါ်ပါတယ်။