တပ်မတော် ပင်လယ်သွားဆေရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော် ၊  နိုဝင်ဘာ ၂၁ ရက်

Friday, November 21, 2025 - 15:30

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မှဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ  ဒေသခံပြည်သူ ၄၆၅ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀ ဦး၊ ခွဲစိတ်ရောဂါ ၅၀ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၈၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀ ဦး၊ မျက်စိရောဂါ ၈၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်   အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထိုအပြင် တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများက ဟိုင်းကြီးကျွန်း မြိုနယ်၊ ကံချိုင်ကျေးရွာနေ ဦးရဲဇော်ဝင်း ၏ဇနီး ဒေါ်ဖုန်းနန္ဒာမြင့်၏ ပထမဆုံးကိုယ်ဝန်ကို မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ၇ ပေါင် ရှိ သမီးဦးရတနာကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့ပြီးမိခင်နှင့်ကလေးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

၎င်းကလေးငယ်အတွက် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ်မွေးမွား ပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ၁၈ ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတိုအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု ၁၉ ကြိမ်မြောက်တွင် ၂၃ ဦးမြောက်နှင့် ၂၄ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

          ထိုအပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများကို တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိခဲ့ရပါတယ် -

၁။      အရင်တုန်းကအဝေးကိုကြည့်လိုက်လို့ရှိရင် မီးလုံးကိုပဲဖြစ်ဖြစ် လကိုပဲကြည့်ကြည့် ကျွန်တော်တစ်ပြုံကြီး လေးငါးဆယ်လုံးပုံစံလိုမျိုးမြင်နေရပါတယ်။ ကျွန်တော်တို့တစ်သက် လုံးမှာ ဒီမျက်စိလေးကောင်းသွားတဲ့အတွက်ကို ကျွန်တော်တို့မှာ ဘာမဆိုအကုန်လုံးကို ထူး ထူးခြားခြား ကျွန်တော်မြင်ရတယ်။ စေတနာကောင်းကောင်းနဲ့ ကျွန်တော်တို့ကို ကုပေးပါ တယ်။ ကျွန်တော်တို့ဝမ်းထဲမှာလည်းမပြောတက်တဲ့ပီတိတွေ ကျွန်တော်တို့ခံစားရပါတယ်။

၂။       အခုတစ်ဖက်ကပြန်ခွဲရတယ်။ ကျေးဇူးတင်ပါတယ်။ ဆရာဝန်လေးတို့ ကုသိုလ်က တော့ယူမကုန်အောင်ရမယ် ဝမ်းလည်းသာတယ်၊ ကြည်လည်းကြည်နူးတယ်၊ ကျန်းမာပါစေ ချမ်းသာပါစေနော်။ အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ အဖွားကမေတ္တာပို့ပေးတာ။ ဘယ်နေ ရာသွားသွား စိတ်ၑချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။

၃။      ခုလိုမျိုးမြေးမလေးမွေးပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်ရှင့်။ အခုမွေးဖွား ပေးတဲ့အချိန်မှာလည်း ဆရာဝန်၊ဆရာမတွေ အားလုံးက ကျန်းမာရေးဂရုစိုက်ပေးပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ အမေလည်းကောင်းပါတယ်။ ကလေးလည်းကောင်းပါ တယ်။