ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် KIA နှင့် KPDF အကြမ်းဖက်သောင်း ကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် သံဃာတော် ၂ ပါး ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
news
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် KIA နှင့် KPDF အကြမ်းဖက်သောင်း ကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် သံဃာတော် ၂ ပါး ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာ များ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်း၌ မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တို့မှ ဦးဆောင်၍ ပြုလုပ်သည်။
(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်း တံတားများနှင့် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား လှည့်လည်ကြည်ရှု စစ်ဆေးသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးအန္တရာယ်ရှိသည့် နေရာများမှ ပဲခူးမြို့ရှိ ပုညကာရီဆုတောင်းပြည့်စာသင်တိုက် သို့ ယာယီရွှေ့ပြောင်းနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။