news

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ကာ စုစုပေါင်းငွေကျပ် ၉၈၇ သိန်းတန်ဘိုးရှိ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများ၊ ငွေများနှင့် မြေအရောင်းအဝယ်စာချုပ်အား လုယက်မှုကျူးလွန်သူ တရားခံ ၄ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၁၃

          ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်း ကျေးရွာနေ ဒေါ်သန်းသန်းဆင့်(ခ)မအကြီးမ(၄၉)နှစ်သည် မိသားစုများအလုပ်ကိုယ်စီ သွားနေစဉ် နေအိမ်၌ တစ်ဦးတည်းကျန်ရှိခဲ့ပြီး မောင်ဖြစ်သူ ကိုမင်းအောင်ကျော် အလုပ်မှ နေအိမ်သို့ ည ၆ နာရီခွဲခန့်အချိန် ပြန်လည်ရောက်ရှိစဉ် အစ်မဖြစ်သူ ဒေါ်သန်းသန်းဆင့်(ခ)မအမကြီးမှာ နေအိမ်အိပ်ခန်းအတွင်း ကုတင်ဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး နေအိမ်ဘီရိုနှစ်လုံး အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း ၃ လုံး၊ မြေအရောင်းအဝယ်စာချုပ် ၁ စောင်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၉၈၇ သိန်းခန့်ပျောက်ဆုံး လျက်ရှိကြောင်း တွေ့ရှိရသဖြင့် သန်လျင်မြို့မရဲစခန်း(ပ)၂၉၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အကွက်အမှတ်(၅၉၅၈)နေ ဦးသန်းနိုင်ထွန်း (၄၉)နှစ်၏ နေအိမ်၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ ဦးသန်းနိုင်ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး(၄၈)နှစ်နှင့် သားဖြစ်သူ ကိုနောင်ရွှေအုပ်စိုး (၂၉)နှစ်တို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အဆိုပါနေအိမ်ရှိ YGN-36 5E/9185 Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘုရားကုန်းမြို့မရဲစခန်း(ပ)၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်း စစ်ဆေးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ထောင်မှ ပဲးခူးတိုင်းဒေသကြီး၊ သာယာဝတီ ထောင်သို့ ပြောင်းရွေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံ ထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ချင်ပြည်နယ်၊ မင်းတပ်မြို့ရှိ နယ်မြေခံတပ်ရင်းက ဩဂုတ်လ ၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းတပ်မြို့အရှေ့ဘက်တွင် တောင်ယာ လုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်  မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ဇူလိုင် ၂၄ နှင့် ၂၅ ရက်က ဒေသခံပြည်သူများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး VPN Application တွေ့ရှိသည့် ပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဩဂုတ် ၁၀ ရက်က အဆိုပါ ပြည်သူ ၃ ဦးကို ၁ ဦးလျှင် ငွေကျပ် ၅ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေရန်၊ ဒေသတွင်းကုန်စည်စီး ဆင်းမှု ရပ်တန့်စေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့် အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြု လျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်အစိုးရ၏ စီမံကိန်းလုပ်ငန်း များကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများ အတွင်း တိုက်ပွဲများဖော်ဆ