တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မှ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် လပွတ္တာမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာလ ၃၀ ရက်

Sunday, November 30, 2025 - 15:45

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေ ယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူ များ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည်   ယနေ့ တွင် လပွတ္တာမြို့နယ်၊ ထွန်းတံတားဆိပ်ခံ၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၃၅၁ ဦး၊ ခွဲစိတ်ရောဂါ ၃၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၁ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၁၁၉ ဦး၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ  ၄၁ ဦး၊ မျက်စိရောဂါ ၈၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၆ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၇၆၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ၄င်းတို့အနက်    အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၅ ဦး၊  ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၃၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၃ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

ဆေးကု(ရွှေပုဇွန်) ၃၀-၁၁-၂၀၂၅

၁။      မျက်စိရောဂါခံစားနေရတာ တစ်နှစ်ကျော်လောက်ရှိပါပြီ အခုဆရာဝန်ကြီးတွေနဲ့ ကုသပေးတာ ကျေးဇူးတင်ပါတယ်။ လူနာတွေကိုလည်းအထူးဂရုစိုက်ပါတယ်။ အလွန့်အ လွန်ကောင်းပါတယ်။ ကျန်တဲ့သူတွေလည်းကုသမှုခံယူကြတယ်။ ကိုယ်တွေလည်း ကုသမှုခံ ယူရတယ်။ ဒီလိုမျိုးနောက်နှစ်လည်း လာရောက်ပြီးတော့ကုသပေးစေချင်သေးပါတယ်။ ကျန်တဲ့လူနာတွေလည်း ဒီလိုပဲအဆင်ပြေပြေကုသနိုင်အောင် ဆရာဝန်တွေကို အထူးပဲဖိတ် ခေါ်ပါတယ်၊ ကြိုဆိုပါတယ်။ ကုသပေးတဲ့ ဆရာဝန်ကြီးတွေလည်း ဒီထက်မကတိုးတက်ချမ်း သာပါစေ ၊ ဒီထက်မက ကုသနိုင်ပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။

၂။       ကျွန်မနာမည်ကတော့ ခေါ်ခင်မာဦးလို့ခေါ်ပါတယ်။ လောလောဆယ်ခံစားနေရတာ ကတော့ ဆီချိုသွေးချိုနဲ့အကြောကို လာပြီးတော့ ပြသတာပါ။ အကုန်လုံးလုပ်ထားကိုင်ထား တာတွေကအစပေါ့နော် စီစဉ်ထားတာတွေအားလုံးကောင်းပါတယ်။ အရမ်းကျေးဇူးတင်ပါ တယ်။ အရမ်းကိုကျေးဇူးတင်တာ အားရတယ်။ တပ်မတော်ကလာရောက်ကုသတဲ့ ဆရာဝန် တွေရော အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်။