တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ  တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၇၅ ဦး အား ဆေးဝါးကုသမှုများဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ နိုဝင်ဘာ ၃၀ ရက်

Sunday, November 30, 2025 - 15:45

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့သို့ ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ငရုတ်ကောင်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာ များမှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၁ ဦး၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၉၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၁ ဦး၊ မျက်စိရောဂါ ၈၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၃ ဦး၊ စုစုပေါင်း ၄၇၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက်   အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံလွှဲပြောင်းကုသရန်လိုအပ်သည့် ဒေသခံ ပြည်သူတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ လွှဲပြောင်းကုသပေးသည်။ ထို့သို့ ဆေးဝါကုသမှုလာရောက်ခံယူကြသည့် ဒေသခံပြည်သူ များအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးကုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော် ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။

          ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ဆေးကု(သံလွင်) ၂၈-၁၁-၂၀၂၅

၁။      အဘိုးကခါးတွေကိုက်တယ် ၊ ကိုယ်တွေလက်တွေကိုက်တယ်ပေါ့ မစားချင်မသောက် ချင် အဲ့ဒီလိုဖြစ်နေလို့လာပြတာပါ။ တစ်နှစ်လောက်တော့ရှိပြီပေါ့ အဲ့ဒီလိုမျိုးဖြစ်နေ တာပဲ ပေါင်တွေကိုက်တယ်၊ ခါးတွေကိုက်တယ်ပေါ့ သိပ်သွားလာလို့ မရဘူးပေါ့ ခြေ ထောက်ကညောင်းပြီးတော့ သွားလို့မရဘူး အဲ့ဒါကြောင့်မို့လို့လာပြတာပါ။ ဆရာဝန် နဲ့တော့မတွေ့ရသေးဘူး အခုမှစာရင်းလာပေးတာပါ။ အခုလိုလာပြီးတော့ ကိုယ့်နေ ရာ ကိုယ့်ဒေသမှာလာပြီးကုတယ်ဆိုတော့ အထူးဝမ်းသာပီတိဖြစ်ရပါတယ်။