ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)နှင့် ဗဟိုမီးသတ်သင်တန်း ကျောင်း(ပြင်ဦးလွင်)တို့မှ နည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရှိ ရတနာခန်းမ ၌တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင် ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ရဲအရာရှိလေ့ကျင့်ရေးသင်တန်း ကျောင်း၊ ဗဟိုမီးသတ်သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ ဌာနကြီးမှူးများ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သင်တန်းကျောင်းသုံးခုမှ သင်တန်းသား၊ သင်တန်းသူများ ကိုလိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းများသည် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ရည်ရွယ် လေ့ကျင့်ပေးသည့် သင်တန်းကျောင်းများဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်း နိုင်မည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းဟူ၍ရှိပြီး အစိုးရကနိုင်ငံရေးဦးဆောင်မှုပေး၍ မူဝါဒချမှတ်ပေးကာနိုင်ငံ့ဝန်ထမ်းများက အကောင် အထည်ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှနိုင်ငံရေးအရ ဦးဆောင်သူများ အနေဖြင့် အပြောင်းအလဲရှိနိုင်မည်ဖြစ်သော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက် ဆိုင်ရာမိမိတို့တာဝန်များအလိုက် ဆက်လက်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး တွင်အာဏာရပါတီ အလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒများကွဲပြားသွားမည်ဖြစ်သော် လည်း ရုံး/ဌာနများ အနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း။
ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်း အဖြစ်လျှောက်ထားခဲ့ကြပြီး ရွေးချယ် ခံခဲ့ကြရသူများဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဘဝကို ရရှိပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ရွေးခြယ်ခံဝန်ထမ်းများဖြစ်သဖြင့် သာမာန်နေ၍ရမည်မဟုတ်ဘဲ အရည်အသွေးရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ် အောင်ကြိုးစားအားထုတ်၍ မိမိဘဝတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူတိုင်းသည် တိုးတက်မှုကိုလိုလားကြပြီး မြင့်မား သည့်ဘဝကို ပိုင်ဆိုင်လိုကြသဖြင့် ကြိုးစားအားထုတ်မှုရှိရန် လိုအပ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့်လည်းမိမိတို့ဝန်ထမ်းသက်တမ်းတစ်လျှောက် တက်ရောက် ရမည့်သင်တန်းများအားလုံးတွင် စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုများဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် အရည် အသွေးမြင့်မားသည့် နိုင်ငံ့ဝန်ထမ်းများရရှိစေရေး အချိန်၊ ငွေကြေး အရင်းအနှီးများစွာ ကုန်ကျခံသင်ကြား လေ့ကျင့်ပေးနေခြင်းဖြစ်သည့်အတွက် သင်တန်းသားများ အနေ ဖြင့်လည်း သင်တန်းမှသင်ကြားပေးသည်များကို တန်ဖိုးထား၍သင်ယူသွားကြရန် လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှု အခြေ အနေများကို မှန်မှန်ကန်ကန် သိရှိနားလည်ကြရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု များကြောင့် မိမိတို့အနေဖြင့် ဖွဲစည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန် များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြတ်သန်းလာခဲ့သည့် ခေတ် အဆက်ဆက်၌ နိုင်ငံရေးစနစ်အမျိုးမျိုးကို ကျင့်သုံးဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှစ၍ ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တနေကြသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ် အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများပင်ဖြစ် ကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် ပြည်သူများလိုလားတောင့်တနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အဆင့်ဆင့်ဖော်ဆောင် ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခက်အခဲ၊ အကြပ်အတည်းများကို တပ်မတော်မှပင် ဦးဆောင်၍ ဖြေရှင်း ခဲ့ရကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို မှန်မှန်ကန်ကန် လေ့လာသိရှိနားလည်ကြရန်လိုကြောင်း။
နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတို့သည် ခေတ်အဆက်ဆက် ထိန်းသိမ်းကာကွယ်ရမည့် အချက်များဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက်၍ လွတ်လပ်ရေးသည် ခက်ခက်ခဲခဲကြိုးပမ်း၍ရယူခဲ့ရသည့် လွတ်လပ်ရေးဖြစ်ကြောင်း၊ နိုင်ငံရေးအရကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အင်အားကြီးနိုင်ငံကြီးနှစ်ခုအကြားတွင်တည်ရှိနေပြီး ရှုပ်ထွေးသည့် နိုင်ငံရေးသမိုင်း ကြောင်းနောက်ခံများလည်းရှိကြောင်း၊ အရှေ့နှင့်အနောက်၏ မတူညီသည့် သဘော သဘာဝများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရတည်ငြိမ်မှုရရှိရန် လိုအပ်နေမှုများကို တည်ငြိမ်မှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံ ပြိုကွဲမည့်အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းကြောင်းများကို သင်ခန်းစာယူ၍ အနာဂတ်တွင် ခေတ်မီဖွံဖြိုး တိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကိုပုံဖော် တည်ဆောက်ကြရမည်ဖြစ် ကြောင်း။
နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများကိုကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည်ကြရန်လိုကြောင်း၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရ ပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှုများရှိကြောင်း၊ ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်မှုနှင့် နိုင်ငံရေးအရအယူဝါဒကွဲပြားမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရမှုများရှိသကဲ့သို လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်းကာလများ၌လည်း လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေးအယူ ဝါဒ ကွဲပြားခဲ့မှုများရှိကြောင်း၊ ဆိုရှယ်လစ်စနစ်၌ စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ အရေးအခင်းများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေ ယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာအာဏာ ပြိုကွဲမည့်အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရ သဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့ရ သောကြောင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ပြီးချိန်တွင် နိုင်ငံတော်အားပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်လျှောက်လှမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန် များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ ယခုအချိန်အထိ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံရေးအရဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေးအရပိတ်ဆို့မှုများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့မှုများနှင့် အခက်အခဲ၊ အကြပ်အတည်းများကို မိမိတို့အနေဖြင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တာဝန်သိပြည်သူများ၏ စုစည်းညီညွတ်သည့်အားဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း။
ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲသည် အလွန်အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် ယခုလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အားကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ကျင်းပပြုလုပ်ရာတွင်လည်း လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ သိက္ခာရှိသည့်ရွေးကောက်ပွဲ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းများကို စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား နိုင်ငံတော်၏လုံခြုံရေး အခြေအနေအရ အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစနစ်(MEVM)များဖြင့် ဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည် နှင့်ဒေသ အကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ တပ်မတော်သည် နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသော အဖွဲ့ အစည်း (Institution)ဖြစ်သဖြင့် တပ်မတော်နှင့် သဟဇာတဖြစ်စွာ လက်တွဲ ဆောင်ရွက်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးရန်လို ကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် ကျင့်သုံးခဲ့သည့် စီးပွားရေး စနစ်များကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး အဆိုပါ လိုငွေများကို Non-Trade များမှရရှိသည့် ငွေများဖြင့် ပြန်လည်ဖြည့်တင်းခဲ့ကြကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ Non- Trade မှရသည့်ငွေများတွင် ပြည်ပမှချေးငွေများ၊ ထောက်ပံ့ငွေများပါဝင်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများကိုအားပေးဆောင်ရွက်မှသာလျင် ထုတ်ကုန်ပစ္စည်းများ ရရှိလာမည်ဖြစ်ပြီး ပြည်ပပို့ကုန်များလည်း တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် အခက်အခဲများကြားမှ ကုန်သွယ်မှုလိုငွေများလျော့နည်းစေရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှသာ ကုန်သွယ်မှုအတွက် လိုအပ်သည့် ပို့ကုန်များကိုရရှိမည်ဖြစ်ကြောင်း၊ ပို့ကုန်များရရှိမှသာ နိုင်ငံတော်အတွက် လိုအပ်သည့်နိုင်ငံခြားငွေများရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများလျော့နည်းလာမည် ဖြစ်ကြောင်း။
ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတခြင်းကြောင့် နိုင်ငံခြားငွေကြေးဈေးနှုန်း များမြင့်တက်လာကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌လိုအပ်လျက်ရှိသည့် ထုတ်ကုန် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်ပြီး ပိုလျှံသည့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထုတ် ကုန်များထုတ်လုပ်ရာတွင်လည်း ပြည်တွင်း၌ရှိပြီး ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်း လိုအပ်ချက်ရှိသည့် အခြေခံစားကုန်၊ သုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ် နိုင်မည်ဆိုပါက သွင်းကုန်အတွက်ကုန်ကျနေရသည့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ ထိုကြောင့် စားကုန်၊ သုံးကုန်၊ သောက်ကုန်များကို ပြည်ပမှ တင်သွင်းခြင်းထက် ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်သွားမည်ဆိုပါက နိုင်ငံခြား ငွေများသုံးစွဲရမှု များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရဖြစ်ပေါ်ပြောင်းလဲမှုများ၊ စီးပွားရေး အရ ဖြစ်ပေါ်နေသည့်အခြေအနေများကို သိရှိနားလည်နိုင်ရန် ယခုကဲ့သို့အချိန်ယူ၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လည်း အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံ၍ သင်တန်းလာရောက်တက်ကြရသူများဖြစ် သဖြင့် သင်တန်းတက်ရောက်နေရသည့်အချိန်အတွင်း အမှန်တကယ်တတ်မြောက် အောင်သင်ယူသွားကြရန်နှင့် သင်တန်းပြီးဆုံးပါက အနာဂတ်နိုင်ငံတော် တည်ဆောက် ရေးအတွက် ကျရာတာဝန်များကို ထမ်းဆောင်ရချိန်တွင် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည် များကို သင်ခန်းစာယူ၍ အကောင်းဆုံး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြား သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။


