ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Aleksandr Lukashenko နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြ သည်။
ဦးစွာ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်း ရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးသန်းဆွေ၊ ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးကိုကိုလွင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ မာရဝိဇယဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌ တို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အောင်မြေနေရာတွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂန္ဓကုဋိတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ ဂန္ဓကုဋိတိုက် အဆောင်အမှတ်(၂)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးတည်ထားကိုးကွယ်ခြင်းသမိုင်းမှတ်တမ်းနှင့် မာရဝိဇယဗုဒ္ဓဉယျာဉ်တော်တည် ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုသမိုင်းမှတ်တမ်းတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌ တို့သည် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ထိုး၍ ကုသိုလ်ပြုကြသည်။
ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး အာရုံခံတန်ဆောင်းမှန်ဆောင်၌ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဉက္ကဋ္ဌက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ် ကြီးသမိုင်းမှတ်တမ်းစာအုပ်(အင်္ဂလိပ်၊မြန်မာ)နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတခရီးစဉ် ဆိုင်ရာမှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းတို့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတထံ ပေးအပ်သည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ ဗုဒ္ဓဉယျာဉ်တော် ပရိဝုဏ်တော်အတွင်းမှ ပြန်လည်ထွက်ခွာရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဉက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ဦးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ မာရဝိဇယဂေါပက အဖွဲ့များနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


