ကော့ကရိတ်မြို့သည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်တွင် ပါဝင်၍ ဘားအံ- မြဝတီ ကားလမ်းကြီးအပေါ်တွင် တည်ရှိပြီး စီးပွားရေးအချက်အချာကျသော မြို့တစ် မြို့ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်ခန့်သာ ကွာဝေး ပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျသည့် အာရှလမ်းမကြီးပေါ်တွင် တည်ရှိကာ ကော့ကရိတ်မြို့မှ မြဝတီမြို့-ဘားအံ-မော်လမြိုင်နှင့် ကြာအင်းဆိပ်ကြီး မြို့များသို့ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော အဓိက အချက် အချာကျသည့် လမ်းဆုံမြို့တစ်မြို့ဖြစ်သည်။
news
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင်လ ၂၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံ ကျေးရွာအုပ်စု၊ ဂျူးလုကျေးရွာအနီး၌ စောင့်ဆိုင်းစဉ် မိုင်းတွမ်းကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ဆိုင်လူး မောင်းနှင်ပြီး ကျဝေ လိုက်ပါလာသော SHN-12 1S-xxxx ISUZU အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မိုင်းဆတ်မြို့နယ်၊
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ပညာရေးကဏ္ဍတွင် နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်း ချုပ်ထားစဉ် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ ကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင် ၂၂ ရက်မှ စတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိသည်။
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ သပိတ်ကျင်းမြို့သည် မန္တလေးတိုင်းဒေသကြီး၏ မြောက်ဘက်အကျဆုံးမြို့နယ် ဖြစ် သည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့ရှိ မြို့များနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းပေါ်၌ ရှိသော သင်္ဘောဆိပ်မြို့လည်းဖြစ်သည်။ သပိတ်ကျင်းမြို့သည် မန္တလေးမြို့နှင့် ရေကြောင်း အားဖြင့် ၇၇ မိုင်ခန့်သာဝေးကွာပြီး မန္တလေး ၊ ဗန်းမော်၊ မြစ်ကြီးနား အစုန် - အဆန် သွားလာနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့မှ သင်္ဘောကြီးများနှင့် မန္တလေးနှင့် သပိတ်ကျင်း အစုန် - အဆန် သွားလာနေသည့် ကူးတို့သ





































































