မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်း များ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်း ဗိုလ်လောင်းများ၊ ရုရှားနိုင်ငံ၊ ရုရှားတပ်မတော်မှ သေနတ်ပစ်အသင်း အဖွဲ့ခေါင်းဆောင် Lieutenant Colonel Andrey SEMENENKO ၊ဒုတိယစစ်သံမှူးLieutenant Colonel Aleksei OLEINIKOV ၊နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင်ဗိ
news
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်နှင့် ကျောင်းသား/သူများ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံပြီး မန္တလေးမြို့၏ ယဉ်ကျေးမှု အမွေအနှစ်နေရာများဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော် ကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်ဘုန်းကြီး ကျောင်းသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)မှ ရခိုင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီး ၄ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့အား မင်္ဂလဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းချီးမြှင့်ပွဲမင်္ဂလာကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးခန်းမ၌ပြုလုပ်ရာ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ နန္ဒာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင်တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှု ယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲများကို တိုင်းစစ်ဌာနချုပ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်တို့ရှိ သတ်မှတ်နေရာအသီးသီး၌ ပြုလုပ်ကြ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသူများ၊အလှူရှင်များ တက်ရောက် ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ညရပ်ကွက်၊ မြတ်ကျော် စက်မှု(၂) ဓမ္မာရုံရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နှင့် ခိုလမ်မြို့တို့ရှိ တပ်မတော်ဆေးရုံ များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မ





















































