မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကျင်းပ နေပြည်တော် နိုဝင်ဘာ ၃

Monday, November 3, 2025 - 14:30

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်း များ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်း ဗိုလ်လောင်းများ၊ ရုရှားနိုင်ငံ၊ ရုရှားတပ်မတော်မှ သေနတ်ပစ်အသင်း အဖွဲ့ခေါင်းဆောင် Lieutenant Colonel Andrey  SEMENENKO ၊ဒုတိယစစ်သံမှူးLieutenant Colonel Aleksei OLEINIKOV ၊နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများတက်ရောက် ကြသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ-ရုရှား  နှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ပြီး နှစ်နိုင်ငံအလံလွှင့်ထူကာ အလေးပြုကြသည်။ ထို့နောက် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်က အဖွင့်အမှာစကားပြော ကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍  ၃၀၀မီတာ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်း ပစ္စတိုပစ်ပြိုင်ပွဲစသည့် ပြိုင်ပွဲအမျိုးအစားအလိုက် သေနတ်ပစ်ပြိုင်ပွဲကို ၃ ရက်အကြာ ကျင်းပခဲ့ပြီးပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်က အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြ သူများနှင့် အသင်းလိုက် ဆုရရှိကြသူများအား  တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ကြသည်။

အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်များချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ်အားကစားနည်းစနစ် ဖလှယ်ရန်အတွက် ရည်ရွယ် ၍ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်များသေနတ်ပြိုင်ပွဲသို့တက်ရောက်လာကြသော ရုရှားသေနတ်ပစ်အသင်း အဖွဲ့ခေါင်းဆောင် Lieutenant Colenel Andrey SEMENENKO  နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ရောက်ရှိစဉ် အောင်​​မြေ စကြာမင်္ဂလာဆုတောင်းပြည့်ဘုရား၊ ဗထူးစမ်း၊ ရပ်စောက်မြို့မဈေးနှင့် မြို့နေပြည်သူ များစုပေါင်း၍ဘုံကထိန်အတွက်လှူ ဒါန်းထားသောပ​​ဒေသာပင်များ လှည့်လည် နေမှုကို စိတ်ဝင်တစားသွားရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။