မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲများကို တိုင်းစစ်ဌာနချုပ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်တို့ရှိ သတ်မှတ်နေရာအသီးသီး၌ ပြုလုပ်ကြ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသူများ၊အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တက်ရောက်လာ ကြသူများက ဆရာတော်အရှင်သူမြတ်များထံမှ သီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြ သည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သံဃာတော်များထံမှ ကထိန်အနုမောဓနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါစုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ် များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ကထိန် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင်များ ဆက်ကပ်လှူဒါန်းကြရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၄၃၇ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင် ၁၉ ခုကို လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၅၄၈ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင် ၆၂ ခုကို လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၄၇၈ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင် ၁၃ ခုကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ် ၃၅၃ သိန်းကျော် တန်ဖိုးရှိ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများပါဝင်သော ပဒေသာပင် ၃၂ ခုကို လည်းကောင်း သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။






