ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မန္တလေးမြို့ရှိယဉ်ကျေးမှုအမွေအနှစ်နေရာများနှင့် ပုဂံ‌ရှေးဟောင်းယဉ်ကျေးမှုနယ်‌မြေတို့အား ကြည့်ရှု့‌လေ့လာ နေပြည်တော် နိုဝင်ဘာ ၂

Sunday, November 2, 2025 - 15:30

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်နှင့်‌ ကျောင်းသား/သူများ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံပြီး မန္တလေးမြို့၏ ယဉ်ကျေးမှု အမွေအနှစ်နေရာများဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော် ကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်ဘုန်းကြီး‌ ကျောင်းသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။

ထိုသို့ ကြည့်ရှု့လေ့လာစဉ် အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့အား မန္တလေး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က အတူလိုက်ပါ၍ ရှင်းလင်းပြသကြသည်။ ထို့နောက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပုဂံ‌ညောင်ဦးလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပုဂံညောင်ဦးလေဆိပ်သို့ ရောက်ရှိရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော တာဝန်ရှိသူများအဖွဲ့က ကြိုဆိုနှုတ်ဆက်ကြ သည်။

ယင်းနောက် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက အဆိုပါ အုပ်ချုပ်ရေးမှူးအဖွဲ့အား ကမ္ဘာ့အ‌မွေေအနှစ်ပုဂံ‌ဒေသ၏ ယဉ်ကျေးမှုအ‌မွေေအနှစ်ဆိုင်ရာ စီမံခန့်ခွဲ့မှုလုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြပြီး  အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်းလှည့်လည်ကြည့်ရှုကြသည်။

ထို့နောက်ပုဂံမြို့ဟောင်းရှိ ရွှေစည်းခုံ‌ စေတီတော်ကြီး၊ အာနန္ဒာဘုရားကြီး၏ အနုလက်ရာများနှင့် ထီးလိုမင်းလို ဘုရားများကိုစိတ်ဝင်တစားသွား ရောက်လေ့လာကြ သည်။

ယင်းနောက် နန်းမြင့်မျှော်စင်၌ ပုဂံဒေသနေဝင်စည်းဆာအလှကိုကြည့်ရှု့ကာ မှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ကြပြီး ပုဂံမြို့သစ်ရှိ ဦးဘငြိမ်း ယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်ရှိ မြန်မာ့ရိုးရာယွန်းလက်မှု့ပစ္စည်းများကို ကြည့်ရှု့လေ့လာခဲ့ကြ ကြောင်း သတင်းရရှိပါသည်။