ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘားအံမြို့ရှိပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေေေနွး

Saturday, November 15, 2025 - 14:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး 

နေပြည်တော်၊  နိုဝင်ဘာ - ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ များအား ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင် ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘားအံမြို့ရှိ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိမှု၊ ပြည်နယ်ဆိုင်ရာအချက် အလက်များ၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် တစ်ဧကအထွက်နှုန်းတက်ရေးဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိမှု၊ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်လုပ်မှု များတိုးတက်စေရေး သင်တန်းများပို့ချပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင် ရွက်လျက်ရှိမှု၊ ဒေသဝမ်းစာဖူလုံမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိမှု၊ ဒေသအတွင်းခရီးသွားလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများဝင်ရောက်မှု၊ ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေသည့် ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးလျက်ရှိ မှု၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံမှုများဆောင်ရွက်ပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက  ဘားအံမြို့တွင် သံလွင်မြစ်၏ မြစ်ရေများ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများ ရေဘေးသင့် ခဲ့မှုကြောင့် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရမှ အစားအသောက် များနှင့် လိုအပ်သည်များကိုထောက်ပံ့ပေးခဲ့မှုနှင့် ဘားအံမြို့တွင် သံလွင်မြစ်ရေကြီး ရေလျှံမှု မရှိစေရေးအတွက် လိုအပ်သည့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးစေလိုမှု၊ မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများ ထပ်မံထုတ်ချေးပေးစေလိုမှု၊ စပါးစိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများ ပံ့ပိုး ကူညီပေးစေလိုမှု၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ တိုင်းရင်းသားဘာသာစကားသင်ကြားလျက်ရှိသည့် တိုင်းရင်း သားဆရာ၊ ဆရာမများအား ထောက်ပံ့ကြေးတိုးမြှင့်ပေးစေလိုမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့်ပတ်သက်၍ ပြည်နယ်အဆင့် တာဝန်ရှိသူများက သံလွင်မြစ် ရေကြီးရေလျှံမှုလျော့နည်းစေရေး လိုအပ်သည့် မြစ်ကြောင်းနေရာများအား သောင်တူး ဖော်ရေးလုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိမှု၊ ဘားအံမြို့အားရေကြီး ရေလျှံမှုလျော့ပါးစေရေး ရေထိမ်းတမံများတည်ဆောက်ရန်အတွက်လျာထား ဆောင် ရွက်လျက်ရှိမှုအခြေအနေများအားဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ် အားထုတ်လုပ်မှုနှင့်ပတ်သက်၍ ဘားအံမြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် အခြားမြို့များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအား တွက်ချက်၍ ဆောင်ရွက် သွားရန်လိုကြောင်း၊ ဘားအံမြို့ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ အထက်ပိုင်းဒေသတွင် မိုးများစွာရွာသွန်းသည့်အချိန်နှင့် ဒီရေတက်သည့်အချိန်များတွင် ရေကြီးရေလျှံမှုများ ကိုပိုမိုဖြစ်ပေါ်စေကြောင်း၊ ဘားအံဒေသအတွင်း ယခင်ကစီမံဆောင်ရွက်ခဲ့သည့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်မည်ဆိုပါက ရေကြီးရေလျှံမှုများကို ထိန်းသိမ်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရေအားလျှပ်စစ်စီမံကိန်းကို‌ ဆောင် ရွက်ခြင်းဖြင့် ဒေသအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့ သို့သဘာဝအရဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများကိုလည်း အထိုက် အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် အဆိုပါရေအား လျှပ်စစ်စီမံကိန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ကရင်ပြည်နယ်သည် သာယာလှပသည့်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်လို ကြောင်း၊ မြို့သာယာလှပရေးနှင့် ဒေသသာယာလှပရေးအတွက် ဆောင်ရွက်ကြရန် လိုသကဲ့သို့ ဒေသရိုးရာအစား အသောက်များကိုလည်း ပိုမိုသန့်ရှင်းပြီး ခရီးသွားများအ စွဲဆောင်မှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသ အတွက် ဝင်ငွေများစွာရရှိစေသဖြင့် ဒေသအတွက် အကျိုးရှိသည့်လုပ်ငန်း တစ်ခု ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမည်ဆိုပါက ခရီးသွားလုပ်ငန်းများယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ‌နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်မြေနေရာများအား ဥပဒေနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဘားအံမြို့အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကို တားဆီးကာကွယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း လေ့လာဆန်းစစ်မှုများဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံထုတ်ပေး သွားမည့်အခြေအနေများ၊ စပါးစိုက်ပျိုး ရေးအတွက်သွင်းအားစုများပံ့ပိုးပေးလျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း မြေနိမ့်ကော်ဖီ (ရိုဘတ်စတာမျိုး)များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်မှု၊ ငြုပ်ကောင်းစိုက်ပျိုးမှု တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်စေလိုမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ လယ်ယာမြေများကို ဥပဒေ နှင့်အညီ အသုံးပြုဆောင်ရွက်ရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ် သည့် သွင်းအားစုများရရှိစေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်ဒေသများဖွံ့ဖြိုး တိုးတက်စေရေးလိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် အခြား လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊  ကျေးလက်စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိမှု၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေး လျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း သစ်ပင်သစ်တောများ တိုးတက်စေရေး ဆောင်ရွက် ပေးလျက်ရှိမှုနှင့် အခြားကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ် အေးချမ်း သာယာပြီး ငြိမ်းချမ်းပါစေကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်အနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီကာလအတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးဆုံးပြီးချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစိုးရအသစ်ဖြင့် နိုင်ငံတော်တာဝန်ကို ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများလိုလားချက်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ ကောင်းမွန် သည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ကောင်းမွန်သည့် နိုင်ငံရေးလမ်းကြောင်းကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသများတွင် တိုးတက်မှုများရရှိနိုင်မည်ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းချမ်းမှုမရှိသည့်ဒေသများ တွင် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်မည် မဟုတ် ကြောင်း။

            နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်သကဲ့သို့ ဒေသတွင်နေထိုင်သည့်သူများကလည်း အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်ကြောင်း၊ အလားတူ ပညာရည်မြင့်မားရေးသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းပြီးချိန်တွင်            “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေး ကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခုအနေဖြင့် အလုပ်လုပ် ကိုင်မှသာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို ဆောင်ရွက် ခြင်းသည် ပုဂ္ဂလိကနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာများလိုအပ် ကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာများမြင့်မားရန်လိုအပ်သဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပညာရည်အားနည်းသူများကို ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးချနိုင်ရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

            မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင် မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ များစွာရှိကြောင်း၊ ၎င်းတို့အား နိုင်ငံတော်အတွက် မည်ကဲ့သို့အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာ ပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင် သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း။

            တိုးတက်သည့်နိုင်ငံတိုင်းသည် ပညာတတ်များပေါကြွယ်ဝပြီး ရာနှုန်းပြည့် နီးပါးခန့် အဆင့်မြင့်ပညာများတတ်မြောက်သည့် နိုင်ငံများဖြစ်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြေခံပညာအဆင့်၊ အလယ်တန်းပညာအဆင့်၊ အထက်တန်း ပညာအဆင့်နှင့် အဆင့် မြင့်ပညာအဆင့်များအလိုက် ပြီးဆုံးမှုများမှာ ရာခိုင်နှုန်း အလိုက် နည်းပါးမှုရှိသည်ကိုတွေ့ရကြောင်း၊ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာရှိပြီး အမှန်တကယ်လုပ်ကိုင်နိုင်ကြရန်နှင့် နည်းစနစ်တကျဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း။

            ကရင်ပြည်နယ်အတွင်း တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီ ရေးအတွက် လိုအပ်လျက်ရှိနေသေးကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဝမ်းစာဖူလုံမှုနှင့် ဒေသဝင်ငွေတိုးတက်ရေး ကိုများစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး တိုး တက်စေရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ စီပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရန်လို ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန် လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။

            နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများလိုအပ်ကြောင်း၊ နိုင်ငံရေးမောင်းနှင် အားကောင်းမွန်မှသာ စီးပွားရေးမောင်းနှင်အားကောင်းမွန်မည်ဖြစ်ပြီး စီးပွားရေး မောင်နှင်အား ကောင်းမွန်မှသာ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်မည်ဖြစ် ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှုသည် နိုင်ငံတစ်ခုအတွက် မဖြစ်မနေအရေးကြီး သည့် ကဏ္ဍမှ ပါဝင်သဖြင့် စီးပွားရေးအားကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း။

            ကရင်ပြည်နယ်အတွင်း လယ်ယာမြေအများစု၌ ရေများဖုံးလွှမ်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထိုသို့ရေများဖုံးလွှမ်းလျက်ရှိခြင်းကြောင့် ဆောင်းသီးနှံများအချိန်မီ စိုက်ပျိုးရန်အတွက် အခက်အခဲရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ရေဖုံးလွှမ်းမှုများ လျော့နည်းစေရေးအတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကရင်ပြည်နယ်အတွင်း ပုစွန်မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်သဖြင့် ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည်ဆိုပါက ဒေသအကျိုးအတွက် များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ အလားတူ ဒေသအတွက်လိုအပ်သည့် အသား၊ ငါးနှင့်ဥများထုတ်လုပ်မှုတိုးတက်စေရေး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ထိုက်သင့်သည့် အသား၊ ငါး ဈေးနှုန်းများ ဖြစ်လာမည်ဖြစ်ကြောင်း။

            ကရင်ပြည်နယ်အတွင်း ပညာရည်မြင့်မားစေရေးအတွက် တန်းစဉ်ကူးပြောင်း မှုများမြင့်မားနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အကြောင်းအမျိုးမျိုးအရ တန်းစဉ် ကူးပြောင်းမှုများ နည်းပါးနေသေးကြောင်း၊ ပညာရေးကို အားပေးမှသာ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အထက် တန်းပညာအဆင့် ပြီးဆုံးအောင်သင်ကြားနိုင်မှုမရှိသူများအတွက်လည်း အလုပ်အကိုင် များရရှိရေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရှိပြီးသား လူသားအရင်းအမြစ်များ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နိုင်စေရေး သင်တန်းများဖွင့်လှစ်ဆောင်ရွက် ပေး သွားကြရန်လိုကြောင်း၊ ခရိုင်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက် တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို များစွာအထောက်အကူပြုစေမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက် နိုင်ခြင်းဖြင့် အထွက်နှုန်းများတိုးတက်လာပြီး တောင်သူတစ်ဦးချင်း၏ ဝင်ငွေများတိုး တက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်း ပညာရည်ဖွံ့ဖြိုးတိုး တက်စေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။

            ကရင်ပြည်နယ်သည် နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ပြည်နယ် အတွင်း နေထိုင်သည့် ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများ ရှိကြောင်း၊ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေ သူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာသင်ကြားနိုင်မည်၊ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်စီးနေသည့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်ဆောင်ရွက်နေမှုများကို ပြည်နယ်အတွင်းနေထိုင်ကြသူများအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်ကရင်ပြည်နယ်အတွင်းဒေသတည်ငြိမ် အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း များ လုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား တပ်မတော် အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီး ပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

            မကြာမီကာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊  ရွေးကောက်ပွဲအား လုံခြုံရေး ပိုင်းဆိုင်ရာအရ အပိုင်းသုံးပိုင်းခွဲ၍ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများလုပ်ဆောင်၍မရနိုင်သည့် မြန်မာအီလက်ထရော နစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေ ဖြင့် မဲမသမာမှုမဖြစ်စေရေးနှင့် ဆန္ဒမဲများပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ် ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံရေးစနစ်ကိုကျင့်သုံးရာ တွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရမည်ဖြစ်ပြီး လူကို အခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သွားရန်လိုကြောင်း၊  မိမိတို့ကျင်းပသည့်ရွေးကောက်ပွဲသည့် သိက္ခာ ရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးရန်လိုကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် အနေဖြင့် မိမိတို့နိုင်ငံ၏ နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်ဖြစ်စေရေး  ရွေးကောက်ပွဲသည်အခြေခံဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး ဆောင်ရွက်ပေး ကြရန်လိုကြောင်း။

            ဆန္ဒမဲပေးရာတွင်လည်း ဒေသအကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးကိုဆောင်ရွက်ပေးနိုင်သူ၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်ပေးနိုင် သူ၊ နိုင်ငံတော်မှတရားဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့်အတူတကွ ပူးပေါင်း ၍ နိုင်ငံတော်၏အကျိုးကိုဆောင်ရွက်နိုင်သည့် စိတ်ရှိသူ၊ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါး ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သည့် သူများကို ရွေးချယ်နိုင်ရန်လိုကြောင်း။

            စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်းမြင့်ကော်ဖီများ စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသကဲ့သို့ မြေနိမ့်ကော်ဖီဖြစ်သည့် (ရိုဘက်စတာမျိုး) များစိုက်ပျိုးဖြစ် ထွန်း သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီများသည် ပြည်ပဈေး ကွက်ဝင်ထုတ်ကုန်များဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်းစိုက်ပျိုးဖြစ် ထွန်းနိုင်သည့် မြေနိမ့်ကော်ဖီများအား စိုက်ပျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ သရက်၊ ရာဘာ၊ ဒူးရင်း၊ ကွမ်းစသည့် စိုက်ပျိုးရေးခြံများ၌ မြေနိမ့်ကော်ဖီများကို သီးညှပ်အဖြစ် စိုက်ပျိုးသွား မည်ဆိုပါက ဒေသအတွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

            ကရင်ပြည်နယ်အတွင်း ဝါးများ ပေါများစွာထွက်ရှိသဖြင့် ဝါးကိုအခြေခံသည့် လက်မှုပစ္စည်းများ၊ ပျော့ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ ထိုသို့ ဝါးပျော့ဖတ်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှ စက္ကူများတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ရာဘာစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံမှထွက်ရှိသည့် ရာဘာများ ကို တရားမဝင်လမ်းကြောင်းများမှ ပြည်ပသို့တင်ပို့လျက်ရှိသဖြင့် နိုင်ငံတော်အနေဖြင့် ထိခိုက်မှုများရှိကြောင်း၊ ရာဘာများထုတ်လုပ်ရာတွင်လည်း အရည်အသွေးပြည့်မီစွာ ဖြင့်ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်နယ်အတွင်း၌ ရာဘာကိုအခြေခံသည့် စက်ဘီးနှင့် မော်တော်ဆိုင်ကယ် တာယာများကို ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း။

            ငြုပ်ကောင်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဥယျာဉ်ခြံမြေများ၌ သီးညှပ်အဖြစ် စိုက်ပျိုးသွားမည်ဆိုပါက ဒေသဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ် မှုလုပ်ငန်းများမှဝင်ငွေများ တိုးတက်လာခြင်းဖြင့် ငွေကြေးလည်ပတ်မှုများကောင်းမွန် လာပြီး ဒေသတွင်းစီးပွားရေးများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမှန် တကယ်အလုပ်လုပ်ကြရန်လိုကြောင်း၊ ထိုသို့အလုပ်လုပ်နိုင်ရန်အတွက် တည်ငြိမ်အေး ချမ်းမှုရှိရန်နှင့် ပညာရေးအားပေးကြရန်မဖြစ်မနေလိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ သည် ခင်းကျင်းပြသထားသည့် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ်လူငယ်စင်တာသို့ ရောက်ရှိ ကြရာ အစည်းအဝေးခန်းမတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက စင်တာတည်ဆောက်မှု ဆိုင်ရာများ၊ သင်တန်းများ ဖွင့်လှစ်ခဲ့မှုနှင့် နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပို့ချပေးခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက စင်တာအား အကျိုးရှိရှိအသုံးချသွားရန်လိုပြီး ကရင်ပြည်နယ်အတွက်တိုက်ရိုက်အကျိုးဖြစ်စေနိုင်မည့် သင်တန်းများ၊ လုပ်ငန်းခွင်တွင် တိုက်ရိုက် အသုံးချနိုင်မည့်အတတ်ပညာသင်ကြားပေးခြင်းများ ဖြစ်ရန်လိုကြောင်း၊ လူ ငယ်များသည် နောင်အနာဂတ်တွင် လူကြီးများ၏တာဝန်များကို လွှဲပြောင်းထမ်းဆောင် ကြမည့်သူများဖြစ်သဖြင့် သိသင့်သိထိုက်သည့်၊ တတ်သင့်တတ်ထိုက်သည့် အသိပညာ၊ အတတ်ပညာများ၊ နိုင်ငံ့အရေးများ၊ ခေါင်းဆောင်မှုပညာရပ်များကိုလည်း အခြေခံအား ဖြင့် သင်ကြားပေးရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာတတ်ပြီး အသိအမြင်ကောင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် လူငယ်စင်တာအတွင်း လူငယ်များ Indoor Game များ လေ့ကျင့်နေမှု၊ လူငယ်စကားဝိုင်း ပြုလုပ်နေမှု၊ အိမ်တွင်းမှု လုပ်ငန်းများ သင်ကြားဆောင်ရွက်နေမှု၊ ဂီတခန်းအတွင်း ဂီတပညာများသင်ကြားပေး နေမှု၊ ပန်းချီသင်တန်း သင်ကြားပို့ချပေးနေမှု၊ ကွန်ပျူတာနည်းပညာများ သင်ကြား ပြသပေးနေမှု၊ စာကြည့်တိုက်အတွင်း လူငယ်များစာပေဖတ်ရှုလေ့လာနေမှုများနှင့် အိပ်ခန်းများနှင့် စားသောက်ခန်းတို့အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဘားအံတက္ကသိုလ်ဝင်းအတွင်းနှင့် ဘားအံ မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌသည် လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူ တစ်ဦးက အားကစားရုံအား ဘဏ္ဍာရေးနှစ်အလိုက်တည်ဆောက်ပြီးစီးမှု အခြေအနေ များ၊ အခန်းများထည့်သွင်းဖွဲ့စည်းတည်ဆောက်ထားမှုအခြေအနေများ၊ ကျင်းပပြုလုပ် နိုင်သည့် အားကစားနည်းများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က အားကစားရုံအား တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများကိုက်ညီမှုရှိစေရေး စနစ်တကျ  ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ သည် ဇွဲကပင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။