နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာဆောင်ရွက်နေမှု အခြေအနေများအား စစ်ဆေး၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးဝါး

Sunday, November 16, 2025 - 15:00

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာဆောင်ရွက်နေမှု အခြေအနေများအား စစ်ဆေး၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား သွားရောက်ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ - ၁၆ 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ် ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေ အနေများအား စစ်ဆေးသည်။

ဦးစွာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် က တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန် ရေးနှင့် လုံခြုံမှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်း ငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော တရားမဝင်ဆောက်လုပ်ထားသည့် KK Park အဆောက်အဦများအား ရှင်းလင်းဆောင် ရွက်လျက်ရှိမှု၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး၊ တရားဥပဒေ စိုးမိုးရေး၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိမှု နှင့် အခြားလိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လို

ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မ ရှင်ဥက္ကဋ္ဌက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက် ထားဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့် လုပ်ဆောင်သင့် လုပ် ဆောင်ထိုက်သည်များအားလုံးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း မဟာဗျူဟာအရအရေးကြီးသည့် လမ်းကြောင်းများအားလုံး လုံခြုံချောမွေ့စွာဖြင့် သွားလာအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကိုလည်း မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဆက်လက်ရှင်းလင်းတိုက်ဖျက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်များအားလုံး၊ စစ်သည်များအားလုံးအနေ ဖြင့် စစ်သည်တော်ကောင်းစိတ်ဓာတ်ဖြင့် မိမိတို့တပ်ဖွဲ့၊ အဖွဲ့အစည်း၏ဂုဏ်ကို ထိန်းသိမ်း စောင့် ရှောက်သွားကြရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျရှိပြီး တိုက်စွမ်းရည်၊ တိုက်စွမ်း အားများ ပြည့်ဝသည့်တပ်များဖြစ်စေရေးအတွက်လည်း ကြပ်မတ်လေ့ကျင့်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေးအတွက်လည်း မိမိတို့ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် လေ့ကျင့်ရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးတစ်ယောက်ချင်းစီအလိုက် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်၊တိုက်ပွဲဝင်ရဲသည့် စိတ်ဓာတ်များရှိစေရေးအတွက်လည်း လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ မကြာမီ ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စေရေး အတွက်လည်း လိုအပ်သည်များကို အလေးထား ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာ နယ်မြေအလိုက်ရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့်မှာကြားသည်။

ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေး

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်လမြိုင်တပ်နယ်ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက် ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကိုတစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။