(၂၀၂၅)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ
အချိန်မီကျောင်းအပ်နှံရေးကြေညာချက်
၁။ (၂၀၂၅)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရရှိသူများစာရင်းကို (၁၁-၁၁-၂၀၂၅)ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ Website (www.moh.gov.mm), ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website (www.hrh.gov.mm), အဆင့်မြင့်ပညာဦးစီးဌာန၏ Website နှင့် သက်ဆိုင်ရာတက္ကသိုလ်များတွင် ကြေညာထားပြီးဖြစ်ပါသည်။
၂။ ပထမနှစ်သင်တန်းများကို (၂၄-၁၁-၂၀၂၅)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံ တင်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များတွင် (၁၇-၁၁-၂၀၂၅)ရက်နေ့မှစတင်၍ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
(၁၁-၁၁-၂၀၂၅)