news

ကျောင်းသားလူငယ်များ ပညာရည်တိုးတက်မြင့်မားရေးအတွက် နိုင်ငံနှင့်အဝှမ်း ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်း များအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ ၂၆

          ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရောက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ကာ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် - မေ - ၂၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူ များအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်း သား/ကျောင်းသူများ အဆင်ပြေချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက် ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက  ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိ သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန်ရည်ရွယ်ပြီး မဟုတ် မမှန်သတင်းများအား လုပ်ကြံဖန်တီးဖြန့်ချီသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၆

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၆

         အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ် ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင် များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့ရှိ ရဲစခန်းများအား လက်နက်ကိုင်သောင်းကျန်းသူနှင့် အကြမ်းဖက် ဆူပူသောင်းကျန်းသည့်အဖွဲ့များက လူနေအိမ်များ၊ အုပ်ချုပ်မှုအဆောက်အဦများနှင့် ဘာသာရေး အဆောက်အဦများကို အကာအကွယ်ပြု၍ လာရောက် တိုက်ခိုက်

နေပြည်တော်၊ မေ - ၂၆

          ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့  ဝင်များသည် ဧပြီလ ၃၀ ရက်နေ့၌ ဖရူဆိုမြို့ရှောင်လမ်းဆုံတွင် တွေ့ရှိရသည့် မသင်္ကာဖွယ်ရာ အမျိုးသား ၇၄ ဦးတို့အား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုထံတွင် သင်တန်းတက်ရောက်ခဲ့သည့် အထောက်အထားများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ သဖြင့် ပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း လက်နက်ကိုင်ဆူပူမှုများ နှင့် ပတ်သက်၍ အားပေးခြင်း၊ ကူညီခြင်းများ မပြုလုပ်ဘဲ အေးချမ်းစွာနေထိုင်ရန် သတိပေးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းရောင်ချခဲ့သည့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းရမိမှုနှင့် တရားမဝင် မော်တော်ယာဉ်များ သိမ်းဆည်းရမိမှု သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မေ ၂၆

             နိုင်ငံတော်အတွင်း တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသော တရားမဝင် မော်တော် ဆိုင်ကယ်များကို ရောင်းချလျက်ရှိသည့် အရောင်းဆိုင်/ အရောင်းပြခန်းများမှ တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူနိုင်ရေး အဓိကဦးတည်ပြီး ၂၀၂၁ ခုနှစ်၊ မေလ (ပထမပတ်) မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ တရားမဝင် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ် (၉၈၇)စီး သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၂၆

             မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးစံငြိမ်းပိုင်ဆိုင်သည့် ကြက်ခြံအဟောင်းအား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကြက်ခြံအဟောင်း၌ ပဲခူးမြို့၊ နန်းတော်ရာ ရပ်ကွက်နေ ဘိုဘိုမင်း (၃၅)နှစ် (ဘ) ဦးသောင်းအေး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဂေဟာ လမ်းနေ မလဲ့ယဉ်မြင့် (၂၆)နှစ် (သူနာပြု) (ဘ) ဦးကံမြင့်နှင့်  မထက်ထက်ဝေ (၁၉)နှစ် (သူနာပြု သင်တန်း ဒုတိယနှစ်)တို့ ၃ ဦးအား လက်လုပ်မိုင်း ၁၂ လုံး၊ ဓား ၄ ချောင်း၊ ဒေါက်ဖြင့် ဆင်ထားသော လက်လုပ်မီးရှို့ဒုံး ၂ ခု၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဆိုင်ကယ် ၅ စီး၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် အခြားဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါကြက်ခြံပိုင်ရှင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။