ကျောင်းသားလူငယ်များ ပညာရည်တိုးတက်မြင့်မားရေးအတွက် နိုင်ငံနှင့်အဝှမ်း ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်အဖွဲ့များက စာသင်ကျောင်း များအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ မေ ၂၇
နိုင်ငံတော်အတွင်း ၂၀၂၀ ခုနှစ်တွင် COVID 19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုမရှိခဲ့သည်မှာ လက်ရှိအချိန်ကာလအထိ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ ကျောင်းသား မိဘအများစုအနေဖြင့် ကျောင်းသားလူငယ် သားသမီးများ၏ ပညာရေးနောက်ကျရပ်တန့်နေမှုများ အတွက် စိတ်သောကဖိစီးမှုများ ကြုံတွေ့နေကြရပါသည်။
နိုင်ငံတွင် ကြုံတွေ့ခဲ့ရသော COVID 19 ကပ်ရောဂါနှင့်ပတ်သက်၍လည်း ထိုက်သင့်သော ထိန်းချုပ်နိုင်မှုရှိပြီဖြစ်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း COVID 19 ရောဂါကာကွယ် ရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ကာ ကျောင်းသားလူငယ် သားငယ်/သမီးငယ်များနှင့် မိဘပြည်သူလူထုအများစု၏ လိုလားချက်အရ ပညာရေးမျှော်မှန်းချက်အဖြစ် ကျောင်းအပ်နှံရေးကာလသတ်မှတ်ကာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ မှစ၍ နိုင်ငံနှင့်အဝှမ်း ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်ကာလတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံ နိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။
ထိုကဲ့သို့ ပညာရေးရပ်တန့်နောက်ကျမှုမရှိစေရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိချိန်တွင် ကျောင်းသားလူငယ်ထု ကျောင်းတက်မည်ကို မလိုလားသော၊ နိုင်ငံတော်အစိုးရအား နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်နေကြသော အကြမ်းဖက်အဖွဲ့ အစည်းများ အနေဖြင့် ကျောင်းများဖွင့်လှစ်နိုင်မှုမရှိစေရန်နှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား လူငယ်၊ မိဘ ပြည်သူများအား လူမှုကွန်ရက်များပေါ်တွင် “ကျောင်းမတက်ရန်၊ ကျောင်းပျက် ရန်”အစရှိသဖြင့် ခြိမ်းခြောက်အကျပ်ကိုင်သည့် လှုံ့ဆော်စာများ ထုတ်ပြန်ခြင်း၊ ကျောင်းများကို မီးရှို့ရန် ကြံစည်ခြင်း၊ မီးရှို့ခြင်း၊ လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခြင်းစသည့် အကြမ်းဖက်အဖွဲ့အစည်းများ ပြုလုပ်လေ့ရှိသည့် အကြမ်းဖက်မှုပုံသဏ္ဍာန်အမျိုးမျိုးကို ဆောင်ရွက် လာကြသည်ကို တွေ့ရှိရပါသည်။
၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျင်မွှာလ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နံနက် ၂ နာရီခွဲအချိန်၌လည်းကောင်း၊ တလန်လို ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတွင် နံနက် ၃ နာရီအချိန်၌လည်းကောင်း အကြမ်းဖက်အဖွဲ့များ၏ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပါသည်။ ပေါက်ကွဲမှု များအပေါ် စိစစ်တွေ့ရှိချက်များအရ ရပ်ရွာအေးချမ်းသာယာရေးအပေါ် သာမန်အနှောက်အယှက် ဖြစ်ရုံ ခြိမ်းခြောက်မှုအဆင့်မဟုတ်ဘဲ စာသင်ကျောင်းများပျက်စီး၍ ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားမှု မပြုလုပ်နိုင်စေရန် ရည်ရွယ်ကာ ပြင်းထန်သော ဖောက်ခွဲရေးပစ္စည်းအမျိုးမျိုးကို အသုံးပြုဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတကာတွင်ပင် ယခုကဲ့သို့ အဖျက်အမှောက်လုပ်ရပ်များကို လက်ခံအားပေးခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချတားဆီးနေသည့်အချိန်တွင် အနာဂတ်လူငယ်ထု၏ ပညာရေးမျှော်မှန်းချက်များ ပျက်ပြားစေရန် အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းအဆင့်သို့ ရောက်ရှိလုပ်ဆောင်လာနေ ကြသည့်အတွက် ကျောင်းသားလူငယ်၊ မိဘပြည်သူလူထုအများစုအနေဖြင့် ထိုသို့လုပ်ဆောင်နေမှု များနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့်အဖွဲ့အစည်းများကို ကန့်ကွက်ရှုတ်ချအော့နှလုံးနာရွံရှာ မှုများ ဖြစ်ပေါ်လျက်ရှိနေကြကြောင်း သိရှိရပါသည်။