news

ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း၌ ကုန်တင်ရေယာဉ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့စခန်းတို့အား လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၂၉

             ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း၌ ကုန်တင်ရေယာဉ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့စခန်း တို့အား လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဟောင်းပါ အမျိုးသား ၄ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော်၊ မေ ၂၉

               ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ အမှတ်(၇) ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူးရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအတွင်းရှိ သစ်သားဆက်တီ ၁ စုံ၊ ဘီရို ၃ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၁၂ လုံး၊ ရေပူ/ရေအေးစက် ၁ လုံး၊ စားပွဲ ၂ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ အမျိုးသား ၁၃ ဦးအား ဆူပူအကြမ်းဖက်ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၉

               ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ မြဝတီစားသုံးဆီသိုလှောင်ကန်ရှေ့ ကမ်းနား လမ်းမ ပေါ်ရှိ ဘယ်ရီဂိတ်များအား အမျိုးသား ၃ ဦးမှ ဓာတ်ပုံရိုက်နေကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါစားသုံးဆီသိုလှောင်ကန် ရှေ့တွင် ရပ်တန့်ထားသော 2F/9982 Light Truck ယာဉ်ပေါ်မှ ဓာတ်ပုံရိုက်နေသူ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ ကျော်သူရ (ခ) ဖိုးရွှေချော၊ (၂၉)နှစ်ပါ အမျိုးသား ၃ ဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းပြီး စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။

 

နေပြည်တော် - မေ – ၂၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ် ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက် ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက  ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

 

နေပြည်တော်၊ မေ - ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှု များအား စစ်ဆေးဆောင်ရွက်စဉ် မေ ၂၇ ရက် နေ့လယ်ပိုင်းတွင်

 

နေပြည်တော် မေ ၂၈

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

 

နေပြည်တော် ၊ မေ -၂၈

                ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိ ရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော်၊ မေ ၂၈

၁။             မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။