news

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တံတား ၂ စင်းအား အကြမ်းဖက်သောင်းကျန်းသူများမှ ဖြိုချဖျက်ဆီး

နေပြည်တော်၊ မေ ၃၀

            ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တံတား ၂ စင်းအား အကြမ်းဖက်သောင်းကျန်းသူများမှ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်း ဖြင့်ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

                        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက  အောက်ပါ အတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ကျောင်းအပ်နှံမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် - မေ – ၂၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ် ထိန်းသူများနှင့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချော့မွေ့စွာအပ်နှံနိုင်ရေး ဆောင်ရွက် ပေးကြသည်။ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးအတွက်ကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက  ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။

စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသူများနှင့် ကျောင်းများ ဖွင့်လှစ်ရာတွင် အနှောင့် အယှက်ဖြစ်စေမည့် စာရေးသားဖြန့်ဝေသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၉

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်း များ ပိတ်၍ စာသင်ကြားမှုများ တစ်နှစ်တာ နှောင့်နှေးကြန့်ကြာခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ပညာရည်မြင့်မားရေးတွင် နစ်နာလျက်ရှိခြင်းကြောင့် ယခုအခါ ဇွန်လ ၁ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပြည်သူ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူ များအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၉

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၉

         နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ပုဗ္ဗသီရိတပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ် ပြုလုပ်ထားသည့် ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၂၉

             စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ် ပြုလုပ်ထားသည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။