နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်း ဖြင့်ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

Saturday, May 29, 2021 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်း ဖြင့်ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေကြားခြင်း

                        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ မီဒီယာများက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက  အောက်ပါ အတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-

မေး(၁)။         ခေတ်သစ်မီဒီယာတွင် ကယားပြည်နယ်မှာ မေလ ၂၇ ရက်နေ့ ကယားပြည်သူ့ ကာကွယ်ရေးတပ်နဲ့ တပ်မတော်တို့တိုက်ပွဲဖြစ်ရာမှာ တပ်မတော်မှ စစ်သည် ၁၂ ဦး ကျဆုံးခဲ့တယ် ခေတ်သစ်မီဒီယာက ဖော်ပြထားတာကို တွေ့ရှိရပါတယ် ဒါနဲ့ ပတ်သက်ပြီး မှန်မမှန်သိလိုပါတယ်ခင်ဗျာ။

ဖြေ။              ကယားပြည်နယ်မှာ မေလ ၂၇ ရက်နေ့က တပ်မတော်နဲ့အကြမ်းဖက်အဖွဲ့ အစည်းတွေကြားထဲ တိုက်ပွဲဖြစ်ပွားမှု့တွေ မရှိပါဘူး။ ငွေတောင်နဲ့ ဒီမော့ဆို မှာရှိတဲ့

နယ်မြေခံတပ်တွေကိုပဲ ည ၉ နာရီ ခွဲလောက်မှာ အဝေးကနေပြီး အကြမ်းဖက် အဖွဲ့တွေက နှောက်ယှက်ပစ်ခတ်ခဲ့တာပဲ ရှိပါတယ်။ ဒီဖြစ်စဉ်မှာလဲတပ်ဘက်က ထိခိုက် ကျဆုံးမှု့ မရှိပါဘူး။သတင်းအမှားပါ။

မေး(၂)။         စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှာ မေလ ၂၇ ရက်နေ့က တပ်မတော်မှစစ်သည် ၄၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ်သုံးပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ရွှေတစ်ကျပ်သား၊ ငွေ သိန်း ၃၀ လောက်ပါသွားကြောင်း RFA Burmese က သတင်းဖော်ပြထားတာကို တွေ့ရှိရပါတယ် ဒါနဲ့ပတ်သက်ပြီး မှန်မမှန် သိလိုပါတယ်ခင်ဗျာ။

ဖြေ။              စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်တော်ရွာမှာ မေလ ၂၇ ရက်နေ့က တပ်ဘက်က နေအိမ် ၃ အိမ်က ပစ္စည်းတွေ ယူသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲ့ဒေသ ဘက်တွေမှာ အကြမ်းဖက်ဆူပူသူတွေက မင်းမဲ့စရိုက်တွေလုပ်နေလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းနေရတာတွေတော့ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ အိမ်တွေကို အကြောင်းမဲ့ဖျက်ဆီးပြီး ရွှေငွေတွေ လုယူတာတော့ လုံးဝ လုံးဝ မလုပ်ပါဘူး။တပ်မတော်ကို အထင်အမြင်လွဲစေဖို့ ဖန်တီးလုပ်ကြံထားတဲ့ သတင်း သာ ဖြစ်ပါတယ်။ သတင်းမှာကိုက အမည်မဖော်လိုသူ ရွာသားတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရေးထားတာပါ။ လုပ်ကြံလီဆယ်ပြီး ဖန်တီးထားတဲ့သတင်း ဖြစ်ပါတယ်။ တကယ်တမ်းကတော့ မီဒီယာတွေအနေနဲ့ မိမိသတင်းရဲ့ သတင်းရင်းမြစ်တွေကို သေချာစိစစ်ပြီးမှ သတင်းထုတ်ပြန်သင့်ပါတယ်။

မေး(၃)။         လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့များမှာ တပ်မတော်မှတိုက်ပွဲများမရှိပဲ ဆက်တိုက်ပစ်ခတ်မှု များရှိနေကြောင်း Mizzima News in Burmese ကဖော်ပြထားတာတွေ့ရှိရပါတယ် ဒါနဲ့ပတ်သက်ပြီး မှန်မမှန်သိရှိလိုပါတယ်ခင်ဗျာ။

ဖြေ။              လွိုင်ကော်နဲ့ ဒီမော့ဆို က နယ်မြေခံတပ်တွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ဆူပူသူတွေက လာရောက်ပစ်ခတ်တဲ့ အချိန်မှာ တပ်ကနေပြန်လည်ပြီး ခြောက်လှန့်ပစ်ခတ်ခဲ့တာပဲရှိပါတယ်။ အကြောင်းမဲ့ပစ်ခတ်တာတွေ မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(ROE) အတိုင်း လိုက်နာ ဆောင်ရွက်လျက်ရှိပါတယ်။