နေပြည်တော်၊ မေ - ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ ကျော်ဌေးအား မတ် ၁၄ ရက်တွင် ထွန်းကိုကို(ခ)ကိုကို(ဘ)ဦးလှနိုင်၊ သီဟကျော်တင့် (ဘ)ဦးကျော်တင့်၊ ကျော်ပု(ခ)အောင်ကျော်စိုး(ဘ)ဦးစော၊ ဇာနည်(ခ)ဇာနည်ဌေး နှင့် အောင်ကျော်မြင့်(ဘ)ဦးစိန်မြ တို့က ရိုက်နှက် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီး သီဟကျော်တင့်၊ ကျော်ပု(ခ)အောင်ကျော်စိုး၊ အောင်ကျော်မြင့်နှင့် ဇာနည်(ခ) ဇာနည်ဌေး တို့က ဓားဖြင့်ခုတ်သဖြင့် ကျော်ဌေးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ခ)/၃၄ အရ ၎င်းတို့အား မေ ၂၇ ရက်တွင် “ သေဒဏ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။



















